MNP ၊ မတ် ၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်းရှိ ပြည်သူများ လျှပ်စစ်ဓာတ်အား အပြည့်အဝ သုံးစွဲနိုင်ရေး၊ လျှပ်စစ်အန္တရာယ် ကင်းရှင်းရေးအတွက် လျှပ်စစ်ဓာတ်အား လိုင်းကြိုးများ အသစ်တိုးမြှင့် လဲလှယ်ခြင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ကျွန်းလှမြို့၊ ပိတောက်မြိုင်ရပ်ကွက်အတွင်း ၄၀၀ ဗို့ဓာတ်အားလိုင်းများရှိ 35 mm Square ကြိုးများအား 95 mm Square ကြိုးများ လဲလှယ်ခြင်းကို တင်ဒါအောင် ထိပ်ထားမြင့်မိုလ် ကုမ္ပဏီက လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်းဖြင့် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ သိရသည်။
ထို့အပြင် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးဇော်ထွန်းသန်းနှင့် ဝန်ထမ်းများက ထရန်စဖော်မာများနှင့် ခြံစည်းရိုး များ စစ်ဆေးပြုပြင်ထိန်းသိမ်းခြင်း၊ ဓာတ်အားလိုင်းများ စစ်ဆေးခြင်း၊ ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသော သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မျိုးဝင်းညို
https://t.me/MyanmarNationalPost
No comments:
Post a Comment