MNP ၊ မတ် ၂၂
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် သာသနာရေးနှင့်ယဥ်ကျေးမှု ဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲ ဓမ္မာစရိယတန်းဖြေဆိုခြင်းကို ဒုတိယနေ့အဖြစ် မြသပိတ်တောင်ခြေ၊ သဒ္ဓမ္မဇောတိကာရာမကျောင်းတိုက်၊ သထုံစာဖြေဌာန၌ မတ်လ ၂၂ ရက် နေ့လယ်က ဆက်လက်ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။
သထုံစာဖြေဌာနတွင် ယခုနှစ်၊ ဓမ္မာစရိယ စာမေးပွဲ ဒုတိယနေ့အဖြစ် ပါရာဇိက ကဏ္ဍပါဠိအဋ္ဌကထာ(ဒုတိယ)တွဲအား ဝင်ရောက်ဖြေဆိုရန် သံဃာတော် ၈၈ ပါးနှင့် သီလရှင် ၇ ပါး၊ စုစုပေါင်း ၉၆ ပါး စာရင်းပေးသွင်းထားပြီး သံဃာတော် ၇၀ ပါးနှင့် သီလရှင် ၄ ပါး၊ စုစုပေါင်း ၇၄ ပါး လာရောက်ဖြေဆိုခဲ့ကြသည်။
အဆိုပါ ဓမ္မာစရိယစာမေးပွဲကို မတ်လ ၂၁ ရက်နေ့မှ ၃၀ ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်ပြီး စာမေးပွဲဝင်ရောက်ဖြေဆိုတော်မူကြသည့် သံဃာတော်များနှင့် သီလရှင်များ အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် မြိုနယ်သံဃာ့နာယကအဖွဲ့မှကြီးကြပ်ရေးဆရာတော်များနှင့် ကြီးကြပ်ရေးအဖွဲ့ဝင် လူပုဂ္ဂိုလ်များ၊ တာဝန်ရှိသူများ၊ အလှူရှင်များတို့က အချိုရည်များ၊ လှူဖွယ်၀တ္တုများဆပ်ကပ် လှူဒါန်းခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်ပေးခြင်း စသည့် ကူညီထောက်ပံ့မှုများကို ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။
https://t.me/MyanmarNationalPost




No comments:
Post a Comment