MNP ၊ မတ် ၂၂
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်တွင် နွေစပါး ဧက (၁၀၀) တင်း(၁၂၀)နှင့် အထက် ထွက်ရှိရေး စံပြကွက် မျိုးနှင့် မြေဩဇာထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ဇီးဖြူပင် ကျေးရွာ၊ ပေါစံခေါ KC ခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ပျဉ်းမနားမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးထွန်းထွန်းလင်းက နွေစပါး ဧက (၁၀၀) တင်း(၁၂၀)နှင့် အထက်ထွက်ရှိရေးတွက် စံပြကွက်များ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။ ဆက်လက်၍ နေပြည်တော်စိုက်ပျိုးရေးဦးစီးဌာန၊ နေပြည်တော်တိုင်းဦးစီးမှူး ဦးဝင်းထိန်က တောင်သူများစိုက်ပျိုးနေသော လယ်မြေများတွင် မြေဆီလွှာဖွံ့ဖြိုးတိုးတက်စေရန်၊ မျိုးကောင်းမျိုးသန့် သုံးစွဲနိုင်စေရန်၊ ဘက်စုံပိုးမွှားကာကွယ် နှိမ်နှင်းရေးလုပ်ငန်းများ ဆောင်ရွက်သွားစေလိုကြောင်း၊ ဓာတ်မြေဩဇာ/ သဘာဝမြေဩဇာများအား အချိန်ကိုက်အချိုးကျ စနစ်တကျ ထည့်သွင်း အသုံးပြုစေလိုကြောင်း၊ တစ်ဧကလျင် စပါးအထွက်နှုန်း အမြင့်ဆုံးထိ ထွက်ရှိနိုင်ရေးအတွက် သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ သော်လည်းကောင်း၊ တောင်သူအချင်းချင်း နည်းပညာများဖလှယ်၍ သော်လည်းကောင်း စိုက်ပျိုးထုတ်လုပ်သွားရန်လိုကြောင်း၊ မိမိတို့ စိုက်ပျိုးရေးဦးစီးဌာနမှ တာန်ဝန်ရှိသူ များကလည်း လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ နေပြည်တော်စိုက်ပျိုးရေးဦးစီးဌာန၊ နေပြည်တော်တိုင်းဦးစီးမှူး ဦးဝင်းထိန်းနှင့် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးတင်ထူးတို့က မျိုးစေ့များအားလည်းကောင်း၊ စက်မှုလယ်ယာဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးနိုင်ဦးနှင့် ဆည်မြောင်းနှင့်ရေအသုံးချဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးစိုးမိုးလွင်တို့က ကွန်ပေါင်းမြေဩဇာများအား လည်းကောင်း၊ ပျဉ်းမနားမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးဝေဖြိုးနိုင်မှ ပုလဲမြေဩဇာအား လည်းကောင်း၊ စိုက်ပျိုးရေးဦးစီးဌာန၊ ပျဉ်းမနားခရိုင်ဦးစီးမှူး ဦးဝင်းမြင့်မှ ဧက (၁၀၀) တင်း(၁၂၀)နှင့် အထက်ထွက်ရှိရေးတွက် စံပြကွက်ကြီးကြပ်မည့် ဝန်ထမ်းများအား စရိတ်နှင့် စားသောက်ဖွယ်ရာများ အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မျိုးသီဟ
https://t.me/MyanmarNationalPost




No comments:
Post a Comment