ကြံခင်းမြို့နယ် ကိုးအင်းကျေးရွာတွင် (၇၈)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် (အကြို)ကျေးရွာ ကုန်ထုတ်လမ်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကြံခင်းမြို့နယ် ကိုးအင်းကျေးရွာတွင် (၇၈)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် (အကြို)ကျေးရွာ ကုန်ထုတ်လမ်းဖွင့်လှစ်



MNP ၊ မတ်  ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ၌ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ (၇၈)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ်(အကြို) ကျေးရွာအကျိုးပြု ကုန်ထုတ်လမ်းသစ်ဖွင့်လှစ်ခြင်းကို ယမန်နေ့နံနက်ပိုင်းက ကြံခင်းမြို့နယ် ဘက်ရဲမြို့ ကိုးအင်းကျေးရွာလမ်းသစ်တွင် ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။


ရှေးဦးစွာ ကုန်ထုတ်လမ်းသစ်ဖွင့်လှစ်ခြင်းကို ဧရာဝတီတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး (နည်းပညာ)ဦးသန်းဇော်လွင်၊ မြန်အောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်နှင့် ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးမြင့်ကျော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး လမ်းခင်းထားခြင်းအား ကြည့်ရှုကြသည်။


အဆိုပါကုန်ထုတ်လမ်းကို ၂၀၂၂-၂၀၂၃ ခုနှစ်၊ ဘဏ္ဍာရေးနှစ် ငွေလုံး၊ ငွေရင်း (မူလ)ခွင့်ပြုရန်ပုံငွေဖြင့် Royal Golden Power Co. Ltd က တင်ဒါအောင်တာဖြစ်ကြောင်း၊ လမ်းအမျိုးအစားမှာမြေသားလမ်းဖြစ်ပြီး၊ အလျား (၁/၄)မိုင် × အနံ ၁၂' × အမြင့် ၃' ရှိပြီး ကိုးအင်းကျေးရွာနေပြည်သူများ ကုန်ပစ္စည်းစီးဆင်းမှုမြန်ဆန်စေရန်၊ ကျေးလက်ဒေသဖွံဖြိုးစေရန် ငွေကျပ်သန်း(၂၂၃.၁)ဖြင့် ဆောင်ရွက်ထားကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူထံက သိရသည်။


အဆိုပါလမ်းဖွင့်ပွဲသို့ တိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး (နည်းပညာ)ဦးသန်းဇော်လွင်၊ မြန်အောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးဦးစီးမှူး ဦးယဉ်မင်းဦးနှင့် ဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ဘက်ရဲအုပ်ချုပ်ရေးမှ တာဝန်ရှိသူများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့များ၊ ကိုးအင်းကျေးရွာသူ/သားများ တက်ရောက်ကြပြီး မှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးကြကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)