တစ်နှစ်(၃)သီး၊ တတိယသီးနှံ(နွေစပါး) စုပေါင်းကြဲပက်စိုက်ပျိုးအခမ်းအနား မြန်အောင်မြို့နယ် ကွင်းကြီးဒေါင့်ကျေးရွာအုပ်စု၊ ပန်းညိုကွင်းကျေးရွာတွင် ကျင်းပပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တစ်နှစ်(၃)သီး၊ တတိယသီးနှံ(နွေစပါး) စုပေါင်းကြဲပက်စိုက်ပျိုးအခမ်းအနား မြန်အောင်မြို့နယ် ကွင်းကြီးဒေါင့်ကျေးရွာအုပ်စု၊ ပန်းညိုကွင်းကျေးရွာတွင် ကျင်းပပြုလုပ်



MNP ၊ မတ်  ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် ကွင်းကြီးဒေါင့် ကျေးရွာအုပ်စု၊ ပန်းညိုကွင်းကျေးရွာ ကွင်းမှတ် ၂၀၉၊ ဦးပိုင်အမှတ် ၂၁+၂၈/၁ တောင်သူ ဦးသန်းထွန်းပါ (၁၆) ဦးတို့၏ လယ်မြေ ဧက(၃၀)တွင် ယနေ့နံနက်က တစ်နှစ်(၃)သီး၊ တတိယသီးနှံနွေစပါး(ရက် ၉၀) စပါးမျိုး စုပေါင်းကြဲပက်စိုက်ပျိုး အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။


တစ်နှစ်(၃)သီး၊ တတိယသီးနှံ(နွေစပါး) စုပေါင်းကြဲပက်စိုက်ပျိုးပွဲကို မြန်အောင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမင်းထွန်း၊ အဖွဲ့ဝင်(၂) ဦးမြင့်နိုင်၊ မြန်အောင်ခရိုင် စိုက်ပျိူးရေးဦးစီးဌာန တာဝန်ခံဦးစီးမှူး ဦးစိုးမြင့်အောင်၊ မြို့နယ်စိုက်ပျိူးထုတ်လုပ်မှုတိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာအတွင်းရှိ စိတ်ပါဝင်စားသူတောင်သူများ တက်ရောက်ကြည့်ရှုအားပေးခဲ့‌ကြောင်း သိရသည်။


အဆိုပါ လယ်မြေတွင် တစ်နှစ်(၃)သီးအဖြစ် မိုးစပါး၊ မတ်ပဲ၊ နွေစပါး စိုက်ပျိုးခြင်းဖြစ်ပြီး မြန်အောင်မြို့နယ်အတွင်း နွေစပါးစိုက်ဧက (၉၃၂၇)ဧကရှိကြောင်း မြန်အောင်ခရိုင်စို က်ပျိူးရေးဦးစီးဌာန တာဝန်ခံဦးစီးမှူးဦးစိုးမြင့်အောင် ထံမှသိရသည်။


ဝင်းဗိုလ် 

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)