မန္တလေးတိုင်းဒေသကြီးတောင်သာမြို့နယ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းလည်ပတ်ရန်ပုံငွေများ စက်ဝန်းအလိုက် ပြန်လည်ထုတ်ချေးပေးလျှက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မန္တလေးတိုင်းဒေသကြီးတောင်သာမြို့နယ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းလည်ပတ်ရန်ပုံငွေများ စက်ဝန်းအလိုက် ပြန်လည်ထုတ်ချေးပေးလျှက်ရှိ


MNP  -   မတ်   ၁

မန္တလေးတိုင်းဒေသကြီးတောင်သာမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားဝင်ငွေတိုးပွားလာစေရန် ရည်ရွယ်ချက်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေသော မြစိမ်းရောင်ကျေးရွာစီမံကိန်းကျေးရွာများဖြစ်သော ကူရွာကျေးရွာ၊ တောင်လုလင်ကျေးရွာ၊တမာကုန်းကျေးရွာများသို့ လည်ပတ်ရန်ပုံငွေများ စက်ဝန်းအလိုက် ပြန်လည် ထုတ်ချေးပေးလျက်ရှိရာ မြို့နယ်ဦးစီးမှူးဦးမြတ်မျိုးထွန်းနှင့် ဦးစီးအရာရှိ ဒေါ်လင်းလင်းနွယ်နှင့် ဝန်ထမ်းများက ကွင်းဆင်းကြီးကြပ်ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။


ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် ရှေးဦးစွာ မြို့နယ်ဦးစီးမှူးနှင့်ဦးစီးအရာရှိတို့က မြစိမ်းရောင် ကျေးရွာစီမံကိန်း၏ အကျိုးကျေးဇူးများ၊ ချေးငွေတင်ပြထားသောလုပ်ငန်းများ အမှန်တကယ် အကောင်အထည်ဖော်ရေး၊ အတိုးရငွေဖြင့် ဆောင်ရွက်နိုင်သောလုပ်ငန်းများ၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဥပဒေပါ ကျေးလက်နေပြည်သူများ၏ တာဝန်နှင့် ရပိုင်ခွင့်များအကြောင်း အသိပညာ ပေး ဟောပြောဆွေးနွေးခဲ့ပြီး ကျေးရွာစိတ်ဓာတ်ဖြစ် စည်းလုံးညီညွတ်ဖို့၊ တက်ကြွစွာပူးပေါင်း ဆောင်ရွက်ဖို့၊ ပိုင်ရှင်စိတ်ဓါတ်မွေးမြူဖို့၊ ဆောင်ရွက်ပြီးဖွံ့ဖြိုးရေးလုပ်ငန်းများကို တန်ဖိုးထား ထိနိးသိမ်းစောင့်ဖို့ မှာကြားခဲ့သည်။ ယင်းနောက်  ကူရွာကျေးရွာ၌ စတုတ္ထအကြိမ်မြောက် လည်ပတ် ရန်ပုံငွေ ကျပ်သိန်း ၃၂၀ ကိုလည်းကောင်း၊  တောင်လုလင်ကျေးရွာ၌လည်း စတုတ္ထအကြိမ်မြောက် လည်ပတ်ရန်ပုံငွေ သိန်း ၃၂၀ ကိုလည်းကောင်း၊  တမာကုန်းကျေးရွာ၌ သတ္တမအကြိမ်မြောက် ကျပ်သိန်း ၄၁၁ ကိုလည်းကောင်း ကျေးရွာအလိုက် ကော်မတီဝင်များထံ လွှဲပြောင်းပေးခဲ့ပြီးနောက် ကူရွာကျေးရွာမှ ကော်မတီဝင်များက ကျေးရွာရှိ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ ၁၂၄ ဦး၊ မွေးမြူရေး လုပ်ငန်းလုပ်ငန်းလုပ်ကိုင်သူ ၂ ဦးတို့ကို စုစုပေါင်းသိန်း ၃၂၀ ကိုလည်းကောင်း၊ တောင်လုလင် ကျေးရွာမှ ကော်မတီဝင်များက ကျေးရွာရှိ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ ၅၅ ဦး၊ မွေးမြူရေး လုပ်ငန်း လုပ်ငန်းလုပ်ကိုင်သူ ၂၈ ဦး၊ အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ ၁၀ ကို ကျပ်သိန်း ၃၂၀ ကို လည်းကောင်း၊ တမာကုန်းကျေးရွာမှ ကော်မတီဝင်များက ယင်းကျေးရွာရှိ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူ ၂၈ ဦး၊ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ ၂၇ ဦး၊ အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်သူ ၂၈ ဦးတို့အား ကျပ်သိန်း ၄၁၁ သိန်းကိုလည်းကောင်း ပြန်လည်ထုတ်ချေးပေးခဲ့ကြကြောင်းသိရသည်။


ကျော်မျိုးနိုင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)