ဖျာပုံမြို့နယ်တွင် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများအား ကြိုဆို ပင့်ဆောင်ဂုဏ်ပြုပူဇော် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဖျာပုံမြို့နယ်တွင် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများအား ကြိုဆို ပင့်ဆောင်ဂုဏ်ပြုပူဇော်



MNP ၊ မတ်  ၇

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် နိုင်ငံတော်အစိုးရမှ ဆက်ကပ် ချီးမြှင့်သော သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများအား ကြိုဆို ပင့်ဆောင်ဂုဏ်ပြု ပူဇော်ပွဲကို ယမန်နေ့ညနေပိုင်းက ကျင်းပပြုလုပ်ခဲ့ကြသည်။


အဆိုပါ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများအား ကြိုဆိုပင့်ဆောင် ဂုဏ်ပြုပူဇော်ရာသို့ ဖျာပုံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်လင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသက်ထားမောင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာအကြီးအကဲများ၊ လူမှုရေး အသင်းအဖွဲ့များနှင့် ပြည်သူများက ဖျာပုံမြို့နယ်၊ သလိပ်ကြီးကျေးရွာ မြောက်ပိုင်းဘုရားကြီးမှစတင်၍ ကြိုဆို ပင့်ဆောင်ခဲ့ကြသည်။

ထို့နောက် အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘွဲ့တံဆိပ်တော်ရ သလိပ်ကြီးကျောင်း ဆရာတော်ဘဒ္ဒန္တဝါသဝ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ မင်းကျောင်း ဆရာတော် ဘဒ္ဒန္တဒေဝိန္တ၊ မဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ ထန်းပင်ကျောင်း တိုက်အုပ်ဆရာတော် ဘဒ္ဒန္တဥတ္တရ၊ မဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံတော်ရ အရှေ့ဖျားကျောင်း ဆရာတော် ဘဒ္ဒန္တဝဏ္ဏောဘာသ၊ ကမ္မဋ္ဌာနာစရိယ ဘွဲ့တံဆိပ်တော်ရ စိတ္တသုခကျောင်း တိုက်အုပ်ဆရာတော် ဘဒ္ဒန္တသြဘာသ၊ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများအား ဂုဏ်ပြု မော်တော်ယာဉ် ပလ္လင်ထက်သို့ ပင့်ဆောင်ကာ အများပြည်သူများ ကြည်ညိုနိုင်စေရန် အတွက် သလိပ်ကြီးကျေးရွာမြောက်ပိုင်း ဘုရားကြီးမှ စတင်၍ ဖျာပုံမြို့အတွင်းသို့ လှည့်လည် အပူဇော်ခံကြပြီး ဆရာတော် သီတင်းသုံးနေထိုင်ရာ ကျောင်းတိုက်အသီးသီးသို့ ပြန်လည်ပင့်ဆောင် ဂုဏ်ပြုပူဇော်ခဲ့ကြကြောင်း သိရသည်။


အောင်ဝင်းနိုင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment