ပန်းတနော်မြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကျင်းပမည့် စာစစ်ဌာနများ မီးဘေးလုံခြုံမှုရှိစေရေး ကွင်းဆင်းစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပန်းတနော်မြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကျင်းပမည့် စာစစ်ဌာနများ မီးဘေးလုံခြုံမှုရှိစေရေး ကွင်းဆင်းစစ်ဆေး



MNP ၊ မတ်  ၇

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင်  ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲကျင်းပမည့် စာစစ်ဌာနများ မီးဘေးလုံခြုံမှုရှိစေရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနနှင့် တာဝန်ရှိသူများမှ ယနေ့ နံနက်ပိုင်း က အခြေခံပညာအထက်တန်းကျောင်းများ၌ ကွင်းဆင်း စစ်ဆေးအကြံပြုခဲ့ကြောင်း သိရသည်။


ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်ပညာရေးမှူးနှင့် အဖွဲ့ဝင်များ၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ၊ မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများ၊ လူမှုရေးအဖွဲ့အစည်း များက ပန်းတနော်မြို့နယ်အတွင်းရှိ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် စာစစ်ဌာနများတွင် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်း သာစွာ ဖြေဆိုနိုင်ရေးအတွက် မီးဘေးအန္တရာယ် ကင်းဝေးစေရေး၊ မီးသတ်ဆေးဘူးထားရှိမှုနှင့် ရေလှောင်ကန် များထားရှိမှု စစ်ဆေးခြင်း၊ လျှပ်စစ်ဝါယာကြိုများ သွယ်တန်းထားရှိမှုများနှင့် မီးခလုတ်များစစ်ဆေးခြင်း၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးတို့အတွက် ကွင်းဆင်းစစ်ဆေးအကြံပြုခြင်းများ ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။


ပြည့်ဖြိုးကျော်

 https://t.me/MyanmarNationalPost




No comments:

Post a Comment