ရသေ့တောင်မြို့ အထက(၂) စာစစ်ဌာနအနီးပတ်ဝန်းကျင်နေအိမ်များအား မီးလှန့်မှု မီးလောင်မှုမဖြစ်ပွားစေရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေး တစ်အိမ်တက်ဆင်းအကြံပြုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရသေ့တောင်မြို့ အထက(၂) စာစစ်ဌာနအနီးပတ်ဝန်းကျင်နေအိမ်များအား မီးလှန့်မှု မီးလောင်မှုမဖြစ်ပွားစေရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေး တစ်အိမ်တက်ဆင်းအကြံပြုစစ်ဆေး




MNP ၊ မတ်  ၇

ရခိုင်ပြည်နယ်၊စစ်တွေခရိုင်၊ရ‌သေ့တောင်မြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပမည့် အထက(၂)စာစစ်ဌာနအနီးရှိ နေအိမ်များအား မီးဘေးလုံခြုံရေးအတွက် ယနေ့နံနက် ၁၀ နာရီက တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။


ထိုသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ် မီးသတ်ဦးစီးဌာနမှမြို့နယ်မီးသတ်ဦးစီးမှူးဦးလူမော်နှင့်မီးသတ်တပ်ဖွဲ့ဝင်များက နေအိမ်၊အဆောက်အဦးများ၊စျေးဆိုင်များရှိ ပြည်သူများအားမီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် မီးချိတ်၊ မီးကပ်၊ မီးသတ်ဆေးဘူးများ ကြိုတင်ပြင်ဆင်ထားမှုရှိ/မရှိနှင့်မီးသတ်ဆေးဘူး သုံးစွဲပုံနည်းလမ်းများ၊လျှပ်စစ်ဝိုင်ယာရှော့ဖြစ်ပေါ်စေနိုင်သော မီးပလပ်ခုံများ၊ မီးခုံများအား ခံနိုင်ဝန်ထက်ပိုမိုသုံးစွဲခြင်းမပြုရန်နှင့် ဆွေးမြေ့ပေါက်ပြဲနေသော ဝိုင်ယာကြိုးများအား အသုံးမပြုရန် စသည့်အကြောင်းအရာများအား အသိပညာပေးပြောကြားပြီးမီးလောင်မှုဖြစ်ပွားပါက မီးသတ်ဦးစီးဌာနသို့အချိန်မီ သတင်းပို့ပေးရန်နှင့် မီးဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ထားရှိမှုများအား ဆွေးနွေးအကြံပြုစစ်ဆေးခဲ့ကြောင်းသိရသည်။ 


ထွန်းလင်းကျော်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)