ကြံခင်းမြို့နယ်အတွင်းရှိ တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပမည့် စာစစ်ဌာန(၅)ခုတွင် ပြင်ဆင်ထားခြင်းနှင့် မီးဘေးလုံခြုံရေး ဆောင်ရွက်ထားခြင်းအား ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကြံခင်းမြို့နယ်အတွင်းရှိ တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပမည့် စာစစ်ဌာန(၅)ခုတွင် ပြင်ဆင်ထားခြင်းနှင့် မီးဘေးလုံခြုံရေး ဆောင်ရွက်ထားခြင်းအား ကြည့်ရှုစစ်ဆေး



MNP ၊ မတ်  ၇

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်အတွင်းရှိ  ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲကျင်းပ မည့် စာစစ်ဌာန(၅)ခုတွင် ပြင်ဆင်ဆောင်ရွက်ထားခြင်းနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန် မီးဘေး လုံခြုံရေး ဆောင်ရွက်ထားရှိခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းက ကြည့်ရှုစစ်ဆေးကြကြောင်း သိရသည်။


ထိုသို့ ပြင်ဆင်ဆောင်ရွက်ထားခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်နှင့် အဖွဲ့ဝင်များ၊ မြို့နယ် မီးသတ်ဦးစီးအရာရှိ ဦးကိုကိုနိုင်၊  မြို့နယ်ပညာရေးမှူး ဒေါ်ဌေးဌေး၊  မြို့နယ်လျှစ်စစ်မှ တာဝန်ရှိသူ များနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှ တာဝန်ရှိသူများက စာစစ်ဌာန(၅)ခုဖြစ်သော (အ ထ က-၁)ကြံခင်း၊ (အ ထ က)ဘက်ရဲ၊ (အ ထ က) မျောက်ချော ကုန်း၊ (အ ထ က)ရေနံတောင်နှင့် (အ ထ က) ဆိပ်သာကျောင်းများရှိ  စာသင်ခန်း အတွင်း၊ အပြင်  ပြင်ဆင်ထားခြင်း၊ စာသင်ခုံများ ကောင်းမွန်ရေး ကြည့်ရှုစစ်ဆေးခြင်း၊ အေးချမ်းစွာ ဖြေဆိုနိုင်ရန် စာသင်ခန်းအတွင်း လျှပ်စစ်မီးကြိုးများ စစ်ဆေးခြင်း၊  မီးချိတ်၊ မီးကပ်၊ ရေသို လှောင်ကန်များ၊ (DCP)မီးသတ်ဆေးဘူး ထားရှိခြင်းများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်ချက်များ မှာကြားပေါင်းစပ်ပေးခဲ့ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment