ညောင်တုန်းမြို့၌ ရှေးဦးပြုစုခြင်းအခြေခံသင်တန်းဆင်းပွဲနှင့် အသိပညာပေးဟောပြောပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ညောင်တုန်းမြို့၌ ရှေးဦးပြုစုခြင်းအခြေခံသင်တန်းဆင်းပွဲနှင့် အသိပညာပေးဟောပြောပွဲ ကျင်းပ


MNP ၊ မတ်  ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲတို့ ပူးပေါင်း၍ ရှေးဦးပြုစုခြင်း အခြေခံသင်တန်းဆင်းပွဲနှင့် အသိပညာပေးဟောပြောပွဲကို ယနေ့ မွန်းလွဲပိုင်းက လူထုအ‌ခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။


ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တင်တင်လှိုင်က ကျောင်းသား၊ ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးပြုတက်စေရန်၊ အသိပညာဗဟုသုတ တိုးပွားစေရန်အတွက် သင်တန်းဖွင့်လှစ်ခဲ့ခြင်း ဖြစ်‌ကြောင်း ရှင်းလင်းပြောကြားပြီး မြို့နယ် ကြက်ခြေနီအသင်းခွဲမှ တပ်ခွဲမှူး မင်းသူအောင်က သင်တန်းတွင် သင်ကြားခဲ့သည့် ရှေးဦးပြုစု နည်းစနစ်များကို သင်တန်းသား/သူများနှင့်အတူ ပြန်လည်ဆွေးနွေးပြောကြား၍ လက်တွေ့သရုပ်ပြခြင်းများ ဆောင်ရွက်ခဲ့သည်။


ထို့နောက် အသိပညာပေးဟောပြောပွဲကို ဆက်လက်ကျင်းပရာ မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်အေးစုပုံက သဘာဝ ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး အကြောင်းအရာများကိုလည်းကောင်း၊ မြို့နယ်ကြက်ခြေနီအသင်းခွဲမှ တပ်ခွဲမှူး မင်းသူအောင်က သဘာဝဘေး ဖြစ်ပေါ်နေစဉ် ဆောင်ရွက်ရမည့် အချက်များနှင့် ဖြစ်ပေါ်ပြီးချိန်တွင် ပြုလုပ်ရန် အချက်များကိုလည်းကောင်း သရုပ်ပြ အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။


ထက်ဝေဖြိုး

 https://t.me/MyanmarNationalPost




No comments:

Post a Comment