ထန်းတပင်မြို့နယ်၌စာအုပ်စာစောင်များလှူဒါန်းပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ထန်းတပင်မြို့နယ်၌စာအုပ်စာစောင်များလှူဒါန်းပွဲကျင်းပ


MNP ၊ မတ်  ၁၇

ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီမှလှူဒါန်းသည့် စာအုပ်စာစောင်များကို ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာစာ ကြည့်တိုက်နှစ်တိုက်တို့အား ပြန်လည်ပေးအပ်လှူဒါန်းပေးခြင်းကို ယနေ့၊ မွန်းလွဲပိုင်းက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ စာအုပ်စာစောင်များပေးအပ်လှူဒါန်းပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်လဲ့လဲ့အေးက စာအုပ်စာစောင်များလှူဒါန်းရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး လှူဒါန်းပွဲသို့တက်ရောက်လာကြသည့် မြို့နယ်စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီမှတာဝန်ရှိသူများနှင့် စာကြည့်တိုက်နှစ်တိုက်တို့မှ စာကြည့်တိုက်မှူးများက စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်လုပ်ဆောင်သွားမည့်လုပ်ငန်းများနှင့်ပတ်သက်၍ ဆွေး​နွေးခဲ့ကြကြောင်း သိရသည်။


ထို့နောက် ရန်ကုန်တိုင်းဒေသကြီးစာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီမှလှူဒါန်းထားသည့် စာအုပ်စာစောင်များကို မြို့နယ်စာကြည့်တိုက်များကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ဒေါ်ခင်ငြိမ်းငြိမ်းနှင့် မြို့နယ်စာကြည့်တိုက်များကြီးကြပ်ရေးကော်မတီ၊ ကော်မတီအဖွဲ့ဝင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲလင်းနိုင်တို့က အမှတ်(၄)ရပ်ကွက်၊ လင်းလက်ကြယ် စာကြည့်တိုက်နှင့်အေးရွာလေးကျေးရွာပညာ့လင်းရောင် စာကြည့်တိုက်တို့မှစာကြည့်တိုက်မှူးများထံသို့ ပြန်လည်၍ ပေးအပ်လှူဒါန်းပေးခဲ့ကြကြောင်း သိရသည်။


ဇင်မင်းထိုက် 

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)