သံတွဲမြို့နယ်အတွင်းရှိရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းမှ အသင်းသားများအား ရော်ဘာစိုက်ပျိုးထိန်းသိမ်းခြင်းနှင့်မျိုးကိုင်းပွားခင်းတည်ထောင်ခြင်း သင်တန်းပို့ချ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သံတွဲမြို့နယ်အတွင်းရှိရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းမှ အသင်းသားများအား ရော်ဘာစိုက်ပျိုးထိန်းသိမ်းခြင်းနှင့်မျိုးကိုင်းပွားခင်းတည်ထောင်ခြင်း သင်တန်းပို့ချ



MNP ၊ မတ်  ၁၇

သံတွဲခရိုင်စိုက်ပျိုးရေးဦးစီးဌာမှဦးဆောင်၍ သံတွဲမြို့နယ်အတွင်းရှိ ရော်ဘာစိုက်ပျိုး ထုတ်လုပ်သူများအသင်းမှ အသင်းသားများအား ရော်ဘာစိုက်ပျိုးထိန်းသိမ်းခြင်းနှင့် မျိုးကိုင်းပွားခင်း တည်ထောင်ခြင်းသင်တန်းပို့ချခြင်းကို ယနေ့နံနက် ၉ နာရီက သံတွဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးတွင်ကျင်းပပြုလုပ်သည်။


ရှေးဦးစွာ သံတွဲခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဦးအောင်မိုးမြင့်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ သင်တန်းကိုပို့ချရာ ဒေါ်လှလှဝင်း     ( ခရိုင်မျိုးစေ့တာဝန်ခံ)က ရော်ဘာစိုက်ခင်းထိန်းသိမ်းမှုဆိုင်ရာများ ၊ ဒေါ်သန္တာမြင့်(ဒု-လက်ထောက် ဦးစီးမှူး)က ရော်ဘာမျိုးကိုင်းပွားခင်းတည်ထောင်ခြင်းနှင့် ဦးအောင်စိုးမင်း( ဒုဦးစီးမှူး)က ရော်ဘာစေးလှီးနည်းနှင့် ပြုပြင်ထုတ်လုပ်ခြင်းဆိုင်ရာများကို သင်ကြားပို့ချခဲ့ကြရာ သံတွဲမြို့နယ် အတွင်းရှိ ရော်ဘာစိုက်ပျိုးတောင်သူ (၄၅)ဦးနှင့် ဝန်ထမ်း (၂၃)ဦး စုစုပေါင်း (၆၈)ဦး တက်ရောက် ခဲ့ကြသည်။ 


သင်တန်းအပြီးတွင် သင်တန်းတက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်း ဆွေးနွေးကြရာ  သံတွဲခရိုင်စိုက်ပျိုးရေးဦးစီးမှူး နှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း  ဆွေးနွေး ခဲ့ကြကြောင်း သိရှိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment