မာန်အောင်မြို့၌ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့်မြို့နယ်ဆက်သွယ်ရေးစခန်း(စာတိုက်)ဝန်ထမ်းများအားစာအုပ်စာစောင်များအခမဲ့ ငှားရမ်းပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မာန်အောင်မြို့၌ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့်မြို့နယ်ဆက်သွယ်ရေးစခန်း(စာတိုက်)ဝန်ထမ်းများအားစာအုပ်စာစောင်များအခမဲ့ ငှားရမ်းပေး



MNP ၊ မတ်  ၁၇

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများကစာကြည့်တိုက်သို့ အလုပ် မအားလပ်၍ မလာရောက်နိုင်သည့် ဌာနဆိုင်ရာ ရုံးဝန်ထမ်းများနှင့် စာဖတ်ပရိတ်သတ်များအား စာဖတ်ရှိန်မြှင့်တင်ရေးကိုရည်ရွယ်၍ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့်  စာဖတ်သူများ လက်ဝယ်အရောက် အခမဲ့ငှားရမ်းပေးလျက်ရှိရာ ယနေ့နံနက်၁၁နာရီက မြို့နယ်ဆက်သွယ်ရေးစခန်း(စာတိုက်)ရှိဝန်ထမ်းများအား သွားရောက်ငှားရမ်း ပေးခဲ့သည်။


     ထိုသို့ငှားရမ်းပေးရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ဝန်ထမ်းများကသုတ/ရသ/ဝတ္တုစာအုပ်များ၊မဂ္ဂဇင်းစာအုပ်များကိုမြို့နယ်ဆက်သွယ်ရေးစခန်းဝန်ထမ်းများအား တစ်ပတ်ငှားရမ်းခဲ့ပြီး တစ်ပတ်ပြည့်လျှင် စာအုပ်သစ်ဖြင့် ပြန်လည် လဲလှယ် ငှားရမ်းပေးသွားမည်ဖြစ်ကြောင်းသိရသည်။


ဦးသိန်းဖေ

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)