ရန်ကုန်-ပုဂံ အမြန်ရထား ပြန်လည်ပြေးဆွဲ၍ ခရီးသွားပြည်သူများ အဆင်ပြေ - Myanmar National Post

Myanmar National Post

News Agency

Breaking

ရန်ကုန်-ပုဂံ အမြန်ရထား ပြန်လည်ပြေးဆွဲ၍ ခရီးသွားပြည်သူများ အဆင်ပြေ


MNP  -   မတ် ၁

မြန်မာ့မီးရထားမှ ရထားစီးခရီးသည်များ အဆင်ပြေစေရေးအတွက် ဇန်နဝါရီ(၂၃)ရက်နေ့မှစတင်၍ အမှတ်(၆၁) အဆန်ရထားပြေးဆွဲခဲ့ရာ  ခရီးသွားပြည်သူများ အဆင်ပြေကြကြောင်း သိရသည်။


အမှတ်(၆၁) အဆန်အမြန်ရထားသည် ရန်ကုန်ဘူတာမှ ညနေ(၄)နာရီ ၁၅ မိနစ်တွင် ထွက်ခွာပြီး ပုဂံဘူတာသို့ နောက်တစ်နေ့ မွန်းတည့် (၁၂)နာရီတွင် ရောက်ရှိမည်ဖြစ်သည်။ အမှတ်(၆၂)အစုန်အမြန်ရထားသည် ပုဂံဘူတာမှ ညနေ(၄)နာရီ ၁၅ မိနစ်တွင် ထွက်ခွာပြီး နောက်တစ်နေ့ မွန်းတည့် ၁၂ နာရီတွင် ရန်ကုန်ဘူတာသို့ ရောက်ရှိမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ ကြေညာပေးထားသည်။


“ကျွန်တော်က နတ်မောက်ကနေ ရန်ကုန်သွားမယ့် ခရီးသည်တစ်ယောက်ပါ၊ အိမ်ရှင်မကို ရန်ကုန်ဆင်းပြီး ဆေးကုဖို့ သွားရတာ မကွေး-ရန်ကုန်ယာဉ်လိုင်းတွေနဲ့ သွားရတယ်၊ ကားခကတစ်ဦးကို ရန်ကုန်အရောက်(၁၈၀၀၀) ပေးရပါတယ်၊ ကားနဲ့လူနာကိုသယ်ပြီး သွားရတာက အဆင်မပြေလှပါဘူး၊ သီးသန့်ကားငှားမယ်ဆိုရင်လည်း ရန်ကုန် အသွားတစ်ကြောင်းကို (၂)သိန်းဝန်းကျင်ဆိုတော့ ငွေကြေးမတတ်နိုင်ဘူး၊ အခုစရိတ်လည်းသက်သာသလို  လူနာအတွက်လည်း သက်သောင့်သက်သာရှိတယ်၊ မီးရထားလက်မှတ်ခက ရန်ကုန်-ပုဂံခရီးဆုံးအထိစီးရင်  ရိုးရိုးတန်း (၇၂၀၀)၊ အထက်တန်းထိုင်ခုံငွေကျပ် (၁၄၄၀၀) အထက်တန်းအိပ်စင်ဆိုရင် ငွေကျပ်(၁၉၈၀၀) ဖြစ်လို့ စျေးနှုန်းအလွန်သက်သာပါတယ်၊ ရထားပြန်လည်ပြေးဆွဲပေးလို့ မြန်မာ့မီးရထားကို ကျေးဇူးတင်ပါတယ်”ဟု  သမှုန်းပင်ရွာမှ ကိုစိန်မောင်က ပြောသည်။


ရန်ကုန်-ပုဂံအမြန်ရထားသည် လမ်းခရီးတွင် ဘူတာ(၂၃)ဘူတာ ရပ်နားပေးပြီး နတ်မောက်မြို့နယ်တွင် နတ်မောက်၊ လေးအိမ်၊ သားမျှားနှင့် ပင်းချောင်းဘူတာတို့တွင် ရပ်နားပေးသဖြင့် ရန်ကုန်-ပုဂံ လိုက်ပါစီးနင်းမည့် ခရီးသွားများ အဆင်ပြေကြကြောင်းသိရသည်။


မူမူစန်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)