နတ်​မောက်မြို့နယ်တွင် နွေစပါးဧက (၁၁၃၆) လျာထားစိုက်ပျိုးသွားမည် - Myanmar National Post

Myanmar National Post

News Agency

Breaking

နတ်​မောက်မြို့နယ်တွင် နွေစပါးဧက (၁၁၃၆) လျာထားစိုက်ပျိုးသွားမည်



MNP   -   မတ် ၁

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ်တွင် နွေစပါး (၁၁၃၆) ဧက လျာထားစိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။


နတ်မောက်မြို့နယ်တွင် ၂၀၂၂ - ၂၀၂၃ ခုနှစ် နွေစပါးစိုက်ပျိုးရန် လျာထားဧက (၁၁၃၆) ဧက လျာထားခဲ့ပြီး၊ နွေစပါးစိုက်ပျိုးရာတွင် စပါးမျိုးများဖြစ်သည့် မနောသုခ၊ စင်းသုခ၊ ထိုင်းနှံကောက် စပါးမျိုးများကို ကျောက်တံခါးဆည်ရေသောက် (၆၀၀)၊ နတ်မောက်ဆည်ရေသောက် (၃၀၀)ဧက၊ ဆည်ငယ်/ကန်ငယ် (၂၃၆)ဧက စုစုပေါင်း (၁၁၃၆)ဧက စိုက်ပျိုးရန် လျာထားကြောင်း သိရသည်။


အဆိုပါနွေစပါးများကို နတ်မောက်မြို့နယ်တွင် မတ်လမှ စတင်စိုက်ပျိုးပြီး၊ ဇွန်လ နောက်ဆုံးပတ်တွင် ရိတ်သိမ်းမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ချိုထံမှ သိရသည်။


လှဝင်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)