MNP - မတ် ၁
မွန်ပြည်နယ်၊ပေါင်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် Grade(5)နှင့် Grade(9) အတန်းတင် စာမေး ပွဲကို ယနေ့နံနက်ပိုင်းက သက်ဆိုင်ရာအခြေခံပညာဦးစီးဌာန ကျောင်းများတွင် ကျင်းပလျက်ရှိသည်။
အဆိုပါစာမေးပွဲကျင်းပရာတွင်ပေါင်မြိုနယ်ရှိ စာစစ် ဌာန(၁၆၃)ခု၌ Grade(5) စာမေးပွဲအား ကျောင်းသား (၁၄၅၇)ဦးနှင့်ကျောင်းသူ(၁၄၅၄)ဦး စုစုပေါင်း(၂၉၁၁) ဦးတို့ဝင်ရောက်ဖြေဆိုကြပြီး Grade (9) စာမေးပွဲအားကျောင်းသား (၆၀၆)ဦး ကျောင်းသူ(၉၃၇)ဦး စုစုပေါင်း(၁၅၄၃)ဦးတို့ကအေးချမ်းစွာဝင် ရောက် ဖြေဆိုပြီးစီးခဲ့ကြောင်းသိရ
သည်။
ဆက်လက်၍ ကျောင်းသား၊ကျောင်းသူများစာမေး ပွဲကို အေးချမ်းစွာဖြေဆိုနိုင်ရန် မြို့နယ်ပညာရေးမှူး ဒေါ်စန်းစန်းအေးနှင့် ကျောင်းအုပ်ကြီးများ၊ ဆရာ/ဆရာ မများက စာစစ်ဌာနများတွင် အနီးကပ်ကြီးကြပ်ဆောင် ရွက်လျက်ရှိ ကြောင်းသိရသည်။
https://t.me/MyanmarNationalPost






No comments:
Post a Comment