MNP - မတ် ၁
ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင် ၊ရွှေတောင်မြို့နယ် တွင်နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက် မည့် နွေစပါးစိုက်ပျိုးသောတောင်သူများအားဓာတ်မြေသြဇာနှင့်ပေါင်းသတ်ဆေးများကို ယနေ့နံနက်ပိုင်းက ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မာလာမြိုင်ကုမ္မဏီက ထုတ်လုပ်သော နေရွက်လှေကွန်ပေါင်းမြေသြဇာ ၁၅ ပတ်လည် (၁) ဧကလျှင် တစ်အိတ်၊ မာလာမြိုင်မိုးသီးယူရီးယား ( ၁) ဧကလျှင် အိတ်ဝက် နှင့် မာလာမြိုင်ကာပေါင်းရှင်း ပေါင်းသတ်ဆေး( ၁) ဧကလျှင် ( ၄) ထုတ် နှုန်းဖြင့်ဧက ( ၁၇၀) ဧက အတွက် ကျေးရွာ
အုပ်စု (၄)အုပ်စု ရှိ နွေစပါး စိုက်တောင်သူများကို ထောက်ပံ့ပေးအပ်ခဲ့ပြီး လာမည့်မိုးစပါးတွင်လည်း ဧကတိုးမြှင့် ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ကိုကိုမင်း
https://t.me/MyanmarNationalPost


No comments:
Post a Comment