MNP - မတ် ၁
ရခိုင် ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် ပင်လယ်သွားဆေးရုံရေယာဥ်(သံလွင်) တပ်မတော် နယ်လှည့်ဆေးကုသရေးအဖွဲ့တွင် ပါဝင်သည့် အထူးကုဆရာဝန်ကြီးများအဖွဲ့သည် မတ်လ ၁ရက်နေ့နှင့် မတ်လ(၂)ရက်နေ့များတွင် သိမ်ကုန်းဘုရားဝန်းအတွင်းရှိ သာသနာ့ဗိမ္မာန်တွင် (အခမဲ့) ဆေးကုသပေးရန် ယနေ့နံနက်ပိုင်းတွင် ရောက်ရှိလာရာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်ကျော်နှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေး၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ဆရာ၊ဆရာမများ၊ ရခိုင်လှပျိုဖြူလေးများ ၊ နယ်မြေခံတပ်ရင်းမှ တာဝန်ရှိသူများနှင့် မိသားစုဝင်များနှင့် ပြည်သူများက အိုးစည်ဒိုးပတ်များဖြင့် လှိုက်လှဲနွေးထွေးစွာ ကြိုဆိုခဲ့ကြကြောင်း သိရသည်။
ထို့နောက် သိမ်ကုန်းဘုရားဝန်းအတွင်းရှိ သာသနာ့ဗိမ္မာန်တွင် ပင်လယ်သွားဆေးရုံရေယာဥ်(သံလွင်) တပ်မတော် နယ်လှည့်ဆေးကုသရေးအဖွဲ့တွင် ပါဝင်သည့် မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်း၊ မီးယပ်၊ သားဖွားအထူးကုဆရာဝန်ကြီးများ၊ ခွဲစိတ်ပါရဂူ၊ ကလေးအထူးကုဆရာဝန်၊ အရိုး/အကြောအထူးကုဆရာဝန်၊ သွားအထူးကုဆရာဝန်နှင့်အထွေထွေရောဂါ အထူးကုဆရာဝန်ကြီးများသည် မြို့နယ်အတွင်းရှိ ဆေးကုသလိုသည့် ပြည်သူများအား ရောဂါရှာဖွေ စမ်းသပ်ပေးပြီး လိုအပ်သည့်ဆေးဝါးများဖြင့် (အခမဲ့)ဆေးကုသပေးလျက်ရှိကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်
https://t.me/MyanmarNationalPost







No comments:
Post a Comment