အသင်းနဲ့အတူ ဆုဖလားတိုင်းကို ဆွတ်ခူးချင်တယ်လို့ ပြောလာတဲ့ အာဆင်နယ်နောက်ခံလူ ဆလီဘာ - Myanmar National Post

Myanmar National Post

News Agency

Breaking

အသင်းနဲ့အတူ ဆုဖလားတိုင်းကို ဆွတ်ခူးချင်တယ်လို့ ပြောလာတဲ့ အာဆင်နယ်နောက်ခံလူ ဆလီဘာ



MNP - မတ်  ၁


အာဆင်နယ်အသင်းရဲ့ ဗဟိုခံစစ်ကစားသမား ဝီလီယံ ဆလီဘာက အာဆင်နယ်အသင်းနဲ့ပတ်သက်ပြီး “အာဆင်နယ်မှာ ဖြစ်နိုင်သမျှအားလုံးကို အနိုင်ယူချင်တာပါ၊ ပြီးတော့ ကလပ်ကို ထိပ်တန်းအဆင့်ကို ရောက်အောင် ပြန်ထားချင်ပါတယ်၊ အသင်းနဲ့အတူ ဆုဖလားတိုင်းကို ဆွတ်ခူးချင်ပါတယ်" လို့ ပြောကြားခဲ့ပါတယ်။


ဆက်လက်ပြီး ဝီလီယံ ဆလီဘာက "အသင်းပရိသတ်တွေ သူ့အတွက်သီဆိုတဲ့ သီချင်းကို ပထမဆုံးကြားပြီးကတည်းက  အရမ်းပျော်ရွှင်နေခဲ့တာပါ၊ ပွဲထဲမှာ အာရုံစူးစိုက်ထားရတာကြောင့်  အမြဲတမ်းမပြုံးနိုင်ပေမယ့် အသင်းနဲ့ အသင်းပရိသတ်တွေကိုတော့ အရမ်းကို ချစ်ပါတယ်"လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။


souce - Fabrizio Romano


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)