MNP ၊ မတ် ၈
၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်၀င်စာမေးပွဲကို မတ်လ၈ ရက်တွင်နိုင်ငံတဝှမ်း၌ မြန်မာစာဘာသာရပ်ကို ပထမနေ့ တပြိုင်နက်တည်း စတင်ဖြေဆိုလျက်ရှိရာ ပေါင်မြို့နယ်တွင် သို့ လာရောက်ဖြေဆိုသူ
( ၉၅.၈၈ ) ရာခိုင်နှုန်း ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ပေါင်မြို့နယ်တွင် အထကပေါင် စာစစ်ဌာန ၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ မြန်မာစာ ဘာသာရပ်ဖြေဆိုခွင့်ရှိသူ (၄၁၃)ဦးရှိသည့်အနက် ကျောင်းသားကျောင်းသူ(၃၉၆)ဦး လာရောက်ဖြေဆိုခဲ့ကြောင်း သိရသည်။
အဆိုပါစာစစ်ဌာနများတွင် ကျောင်းသားကျောင်းသူများ လုံခြုံအေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံကောင်စီဥက္ကဌ ဦးထင်လင်းအောင်နှင့်အဖွဲ့ဝင်များ၊ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့များမှ လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးပြီး အအေးဗူးများဝေငှပေးခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment