ရခိုင်ပြည်နယ် မောင်တောမြို့၌၂၀၂၂- ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲအား ကျောင်းသား၊ကျောင်းသူများ အေးချမ်းစွာဖြေဆိုလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ် မောင်တောမြို့၌၂၀၂၂- ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲအား ကျောင်းသား၊ကျောင်းသူများ အေးချမ်းစွာဖြေဆိုလျက်ရှိ




MNP ၊ မတ်  ၈

 ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာ သင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအား စာစစ်ဌာန ၃ ခု ဖွင့်လှစ်၍ ယနေ့  နံနက် ၉ နာရီအချိန်တွင် မြန်မာစာဘာသာရပ်အားကျောင်းသား၊ ကျောင်းသူများအေးချမ်းစွာဖြင့်ဝင်ရောက်ဖြေဆိုလျက်ရှိသည်။


မောင်တောမြို့၌ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနတွင် ကျောင်သား၊ကျောင်းသူ ၅၃၆ဦး ၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာနတွင် ကျောင်းသား၊ကျောင်းသူ ၂၇၉ဦး နှင့် အ.ထ.က တောင်ပြိုလက်ဝဲ စာစစ်ဌာန တွင် ကျောင်းသား၊ကျောင်းသူ ၁၄၆ ဦးစုစုပေါင်း ကျောင်းသား၊ကျောင်းသူ ၉၆၁ဦးဖြေဆိုလျက်ရှိပြီး ဖြေဆိုမှု ရာခိုင်နှုန်းမှာ ၈၅ ဒဿမ ၅၀ ရာခိုင်နှုန်းဖြစ်သဖြင့် ပျက်ကွက် ရာခိုင်နှုန်းမှာ ၁၄ ဒဿမ ၅၈ ရာခိုင်နှုန်းဖြစ်ကြောင်း မြို့နယ်ပညာရေးမှူး ရုံးမှ သိရသည်။


သက်လွင်စိုး ၊ အောင်ကျော်စိန် 

 https://t.me/MyanmarNationalPost




No comments:

Post a Comment