မိုးညှင်းမြို့နယ်တွင် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို စာစစ်ဌာနအသီးသီး၌ စတင်ဖြေဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုးညှင်းမြို့နယ်တွင် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို စာစစ်ဌာနအသီးသီး၌ စတင်ဖြေဆို



MNP ၊ မတ်  ၈

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်တွင် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ပထမနေ့ (မြန်မာစာဘာသာရပ်) ကို စာစစ်ဌာနအသီးသီး၌ ယနေ့ နံနက် ၉ နာရီက ကိုဗစ်စည်းကမ်းချက်များနှင့် အညီ ကျောင်းသား၊ ကျောင်းသူ များ တည်ငြိမ်အေးချမ်းစွာ စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။


အဆိုပါ ဖြေဆိုကြရာတွင် ကျောင်းသားကျောင်းသူများ တည်ငြိမ်အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အလိုက် အုပ်ချုပ်ရေးအဖွဲ့များ၊ မိဘဆရာအသင်းအဖွဲ့ဝင်များနှင့် ကျောင်းကော်မတီမှ တာဝန်ရှိသူများမှ ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


မိုးညှင်းမြို့နယ်တွင် ဖွင့်လှစ်ထားသော စာစစ်ဌာန (၃) ခုရှိ၍ အထက-၁ (မိုးညှင်း)တွင် ကျောင်သား၊ ကျောင်းသူ (၆၄၈)ဦး၊ အထက(မြသီတာ) တွင် ကျောင်းသား၊ ကျောင်းသူ (၃၁၉)ဦးနှင့် အထက(အင်းတော်ကြီး)တွင် ကျောင်းသား၊ ကျောင်းသူ (၂၇၇)ဦး ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၂၄၄)ဦး၊ ပျက်ကွက်သူ (၈၉)ဦးရှိပြီး ဖြေဆိုသည့် ရာခိုင်နှုန်းမှာ (၉၃)ဒဿမ (၃၂)ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရ သည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)