(၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပျော်ဘွယ်မြို့နယ် လျှပ်စစ်ဓာတ်အားခွဲရုံ (ယင်းတော်)ဖွင့်လှစ်ပွဲ အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်တက်ရောက်ချီးမြှင့် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပျော်ဘွယ်မြို့နယ် လျှပ်စစ်ဓာတ်အားခွဲရုံ (ယင်းတော်)ဖွင့်လှစ်ပွဲ အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်တက်ရောက်ချီးမြှင့်





MNP ၊ မတ်  ၁၅

(၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပျော်ဘွယ်မြို့နယ် လျှပ်စစ်ဓာတ်အားခွဲရုံ(ယင်းတော်)ဖွင့်လှစ်ပွဲ အခမ်းအနားကို မတ်လ(၁၅)ရက်၊ နံနက်(၉)နာရီခွဲက ဒဟုတ်ကုန်းကျေးရွာအုပ်စု၊ ကျောင်းရွာကျေးရွာအနီးရှိ အဆိုပါဓာတ်အားခွဲရုံတွင် ကျင်းပပြုလုပ်ခဲ့ရာ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ တက်ရောက်ချီးမြှင့်ခဲ့ကြသည်။


မင်္ဂလာအချိန်တွင် လျှပ်စစ်ဓာတ်အားခွဲရုံ(ယင်းတော်)အား မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်မင်း၊ စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေး၊ သံယံဇာတရေးရာဝန်ကြီး ဦးရွှေစင်နှင့်  မန္တလေး လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း ဒါရိုက်တာအဖွဲ့ဝင်(၂)၊ ဦးထွန်းထွန်းဆွေ တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး အခမ်းအနားသို့ တက်ရောက်လာသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများရိုက်ကူးကြသည်။


ဆက်လက်၍ လျှပ်စစ်ဓာတ်အားခွဲရုံ(ယင်းတော်) ဆိုင်းဘုတ်အား မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်က စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးကာ တိုင်းဒေသကြီးဝန်ကြီးများက အမွှေးနံ့သာရည်များ ပက်ဖျန်းပေးပြီး ဓာတ်အားခွဲရုံအတွင်း စက်ပစ္စည်းများ တပ်ဆင်ထားမှု အခြေအနေများကို လှည့်လှည်ကြည့်ရှုအားပေးကြသည်။


ထို့နောက် အခမ်းအနားကိုကျင်းပရာ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်က နိုင်ငံတော်အနေဖြင့် ပြည်သူများ လျှပ်စစ်မီး အပြည့်အဝရရှိရန်အတွက် စီမံကိန်းများချမှတ်ကာ အကောင်အထည်ဖော် ဆောင်ရွက်နေမှုများကိုလည်းကောင်း၊ မြို့နယ်အတွင်း လျှပ်စစ်မီးရရှိရန်လိုအပ်နေသော ကျေးရွာအနည်းငယ်သာ ကျန်ရှိနေသောကြောင့် သက်ဆိုင်ရာကျေးရွာများအနေဖြင့် တာဝန်ရှိသူများနှင့်ညှိနှိုင်းကာ လျှပ်စစ်မီးရရှိရေးကိစ္စရပ်များကို အကောင်အထည်ဖော် ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ လျှပ်စစ်မီးဘေး အန္တရာယ်ကိုလည်း အထူးဂရုပြုဆောင်ရွက်ရန် လိုအပ်ပါကြောင်း ရှင်းလင်းဆွေးနွေးသည်။


ဆက်လက်၍ မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း ဒါရိုက်တာအဖွဲ့ဝင်(၂)၊ ဦးထွန်းထွန်းဆွေ က ပျော်ဘွယ်မြို့နယ်တွင် ၃၃/၁၁ ကေဗွီ(၅)အမ်ဗွီအေလျှပ်စစ်ဓာတ်အားခွဲရုံ (ယင်းတော်)တည်ဆောက်ပေးခဲ့မှုအခြေအနေများ၊ ဓာတ်အားခွဲရုံများမှ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေမှု အခြေအနေများကို ရှင်းလင်းဆွေးနွေးပြီး ကျီရွာကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးကြည်စိုး က ကျေးဇူးတင်စကားပြောသည်။


၃၃/၁၁ ကေဗွီ (၅)အမ်ဗွီအေ လျှပ်စစ်ဓာတ်အားခွဲရုံ(ယင်းတော်)ကို ပြည်ထောင်စုငွေလုံး ငွေရင်း ရန်ပုံငွေကျပ် သန်း(၇၀၄.၅၀၀)ဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါဓာတ်အားလိုင်းမှ ကျေးရွာ(၃၃)ရွာရှိ အိမ်ခြေ(၂၉၆၄) ခုကို အကျိုးပြုနေသော လျှပ်စစ်ဓာတ်အားခွဲရုံ တစ်ခုဖြစ်ကြောင်း သိရသည်။


မင်းမင်းထွေး

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)