ဒဂုံမြောက်၌ ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီနှင့် မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်ဒေးရှင်းမှလှူဒါန်းသည့် စာအုပ်စာစောင်များပေးအပ်ပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒဂုံမြောက်၌ ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီနှင့် မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်ဒေးရှင်းမှလှူဒါန်းသည့် စာအုပ်စာစောင်များပေးအပ်ပွဲ အခမ်းအနားကျင်းပ


MNP ၊ မတ်  ၁၅

ပြည်သူများနှင့်လူငယ်များ အလွယ်တကူ စာပေလေ့လာဖတ်ရှုစေနိုင်ရန်၊ စာပေဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတတိုးပွားလာစေရန်၊ အချိန်ကိုအကျိုးရှိစွာအသုံးချနိုင်စေရန်၊ အမှားအမှန် ဝေဖန်ပိုင်းခြားနိုင်ပြီး ယဉ်ကျေးသိမ်မွေ့၍ ကိုယ်ကျင့်တရားကောင်းမွန်သည့် လူငယ်လူရွယ်များပေါ်ထွန်းလာစေရန် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် ပြည်သူ့စာကြည်တိုက်ကိုဖွင့်လှစ်၍ စာအုပ်စာစောင်များ ငှားရမ်းဆောင်ရွက်လျက်ရှိပြီး ရပ်ကွက်ကျေးရွာ စာကြည့်တိုက်များသို့လည်း စာအုပ်‌စာစောင်များကို လှူဒါန်းဆောင်ရွက်‌ပေးလျက်ရှိရာ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ရပ်ကွက်စာကြည့်တိုက်များသို့ ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များကြီးကြပ်ရေးကော်မတီနှင့် မြန်မာနိုင်ငံစာကြည့်တိုက်များ ဖောင်ဒေးရှင်းမှလှူဒါန်းသည့် စာအုပ်စာစောင်များ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၁ နာရီက ကျင်းပပြုလုပ်ခဲ့သည်။


အဆိုပါအခမ်းအနားတွင် မြို့နယ်ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ရီက ရပ်ကွက်စာကြည့်တိုက်များအား ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များကြီးကြပ်ရေးကော်မတီနှင့် မြန်မာနိုင်ငံ စာကြည့်တိုက်များဖောင်ဒေးရှင်းမှ စာအုပ်စာစောင်များလှူဒါန်းပေးအပ်သည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ရပ်ကွက်စာကြည့်တိုက်မှူးများအား စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းခဲ့သည်။


ထို့နောက်စာကြည့်တိုက်မှူးတစ်ဦးမှ ကျေးဇူးတင်စကားပြောကြားကာ ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီနှင့် မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်ဒေးရှင်းမှ လှူဒါန်းသည့် စာအုပ်စာစောင်များထပ်ဆင့် ပေးအပ်လှူဒါန်းပွဲအခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။


မြင့်မြင့်ရီ

 https://t.me/MyanmarNationalPost




No comments:

Post a Comment