ဖမ်းဆီးရမိ အကြမ်းဖက်သမားများနှင့် အကြမ်းဖက်လှုံ့ဆော်သူများကို ပြစ်ဒဏ်ချမှတ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ဖမ်းဆီးရမိ အကြမ်းဖက်သမားများနှင့် အကြမ်းဖက်လှုံ့ဆော်သူများကို ပြစ်ဒဏ်ချမှတ်


MNP ၊ မတ် ၁

ပြည်ပြေး ဝရမ်းပြေး နိုင်ငံရေးလှုံ့ဆော်သူများနှင့် ပြည်ဖျက်မီဒီယာများ၏ လုပ်ကြံဖန်တီးရေးသားဖော်ပြမှုများကို နားယောင်၍ အကြမ်းဖက်လှုံ့ဆော်မှုပြုလုပ်လျက်ရှိသူများ၊ အကြမ်းဖက်သမားများထဲမှ ဖမ်းဆီးရမိသူတချို့ကို သက်ဆိုင်ရာ တရားရုံးများက ပြစ်ဒစ်များချမှတ်လျက်ရှိရာ ၂၇-၂-၂၀၂၃ ရက်နေ့က မုံရွာမြို့တွင် အကြမ်းဖက်သမား(၃)ဦးအား ပြစ်ဒဏ်အသီးသီးချမှတ်ခဲ့ကြောင်း သိရသည်။

 မုံရွာမြို့နယ်၊ နဂါးတွင်းကျေးရွာတွင် နေထိုင်လျက်ရှိ၍ အကြမ်းဖက် အဖွဲအစည်းများနှင့် ပူးပေါင်းကာ ကျေးရွာအတွင်း အကြမ်းဖက်လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်လျက်ရှိသူ တရားခံ ဇော်ဇော်နိုင်(ခ)ငနီအား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က)၊ ပုဒ်မ ၅၀(ည)အရ အလုပ်နှင့်ထောင်ဒဏ် (၁၁)နှစ်၊ မုံရွာမြို့နယ်၊ ကျွန်းရွာသစ်ကျေးရွာတွင် နေထိုင်လျက်ရှိ၍ အကြမ်းဖက် အဖွဲအစည်းများနှင့် ပူးပေါင်းကာ ကျေးရွာအတွင်း အကြမ်းဖက်လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်လျက်ရှိသူ တရားခံ သိန်းဌေးအား အကြမ်းဖက်ဥပဒေပုဒ်မ ၅၂(က)၊ ပုဒ်မ ၅၀(ည)အရ အလုပ်နှင့်ထောင်ဒဏ် (၁၁)နှစ် ချမှတ်လိုက်ကြောင်း သိရသည်။

အလားတူ အရာတော်မြို့နယ်၊ ကမ်းပြူရွာကွက်သစ်တွင် နေထိုင်လျက် မုံရွာမြိုနယ်အတွင်း အကြမ်းဖက်အဖွဲအစည်းများနှင့် ပူးပေါင်းကာ အကြမ်းဖက် သင်တန်းများတက်ရောက်ခဲ့သူ တရားခံ ခင်မောင်ဌေး(ခ)မောင်ထက်အား အကြမ်းဖက်ဥပဒေပုဒ်မ ၅၂(က)အရ အလုပ်နှင့်ထောင်ဒဏ် (၄)နှစ် ချမှတ်လိုက်ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း NLD ပါတီကို ထောက်ခံအားပေးသူများသည် PDF အမည်ခံ အကြမ်းဖက်အဖွဲ့အစည်းမျိုးစုံကို ဖွဲ့စည်း၍ သံဃာတော်များ၊ ဆရာ/ဆရာမများ၊ ပညာသင်ကြားနေသည့် စာသင်ကျောင်းများနှင့် အစိုးရရုံးဌာနများကို ပစ်မှတ်ထား တိုက်ခိုက် သတ်ဖြတ်မှုများ ကျူးလွန်လျက်ရှိခြင်းကြောင့် မြို့နယ်အချို့တွင် တည်ငြိမ်အေးချမ်းရေး ဆောင်ရွက်နိုင်ရန် စစ်အုပ်ချုပ်ရေးကြေညာထားသည်။


#MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)