နမ္မတူမြို့နယ်၌ ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ကျောင်းသား၊ ကျောင်းသူ ၁၀၉ ဦး ဝင်ရောက်ဖြေဆိုရာ ဖြေဆိုရာခိုင်နှုန်း ၉၀ ဒဿမ ၈၃ ရာခိုင်နှုန်းရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နမ္မတူမြို့နယ်၌ ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ကျောင်းသား၊ ကျောင်းသူ ၁၀၉ ဦး ဝင်ရောက်ဖြေဆိုရာ ဖြေဆိုရာခိုင်နှုန်း ၉၀ ဒဿမ ၈၃ ရာခိုင်နှုန်းရှိ


MNP ၊ မတ်  ၈

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင်၊ နိုင်ငံတစ်ဝန်း ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့နံနက် (၉) နာရီအချိန်မှစ၍ ကျင်းပလျက်ရှိရာ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် ကျောင်းသားကျောင်းသူ ၁၀၉ ဦး စိတ်အေးချမ်းမြေ့စွာ ဝင်ရောက်ဖြေဆိုလျက် ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။


ထိုသို့ တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပရာတွင် ကျောင်းသား၊ ကျောင်းသူများ ဘေးကင်းလုံခြုံ စိတ်အေးချမ်းမြေ့စွာ ဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ နယ်မြေခံတပ်နယ်မှ တာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိပြီး စာမေးပွဲကို မတ်လ (၈) ရက်နေ့မှ (၁၈) ရက်နေ့အထိ တစ်ရက်လျှင် (၁) ဘာသာနှုန်းဖြင့် ဘာသာရပ်တစ်ခုလျှင် နံနက် (၉) နာရီမှ မွန်းတည့် (၁၂) နာရီအချိန်ထိ (၃)နာရီကြာ ဖြေဆိုရမည်ဖြစ်ကြောင်း သိရသည်။


နမ္မတူမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို အမှတ် (၁) အခြေခံပညာ အထက်တန်း ကျောင်း စာစစ်ဌာနတစ်ခုတည်းဖြင့် ကျင်းပခြင်းဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူ (၁၂၀) ဦး စာရင်း ပေးသွင်းထားပြီး ဝင်ရောက်ဖြေဆိုသည့် ကျောင်းသားကျောင်းသူ (၁၀၉) ဦးရှိကာ ဖြေဆိုရာခိုင်နှုန်း ၉၀ ဒဿမ ၈၃ ရာခိုင်နှုန်းရှိကြောင်း၊ ပျက်ကွက်ကျောင်းသားကျောင်းသူ (၁၁) ဦးရှိကာ ပျက်ကွက် ရာခိုင်နှုန်း ၉ ဒဿမ ၁၇ ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူး ဦးစောဝင်းဌေးထံက သိရသည်။


လူမော် 

 https://t.me/MyanmarNationalPost




No comments:

Post a Comment