တောင်ကုတ်မြို့၌ မော်တော်ယာဉ်နှင့်ယာဉ်မောင်းလိုင်စင်ဆိုင်ရာ မှတ်ပုံတင်ခြင်းလုပ်ငန်းများကိုနေ့ချင်းပြီးဆောင်ရွက်ပေးလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ကုတ်မြို့၌ မော်တော်ယာဉ်နှင့်ယာဉ်မောင်းလိုင်စင်ဆိုင်ရာ မှတ်ပုံတင်ခြင်းလုပ်ငန်းများကိုနေ့ချင်းပြီးဆောင်ရွက်ပေးလျက်ရှိ





MNP ၊ မတ်  ၈

ရခိုင်ပြည်နယ် ၊ တောင်ကုတ်ခရိုင် ၊ တောင်ကုတ်မြို့တွင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ၊ ရခိုင်ပြည်နယ်ရုံး ၊ နယ်လှည့်စစ်ဆေးရေးအဖွဲ့ မှ မြို့နယ်အတွင်းရှိ တရားမဝင်မော်တော်ဆိုင်ကယ်များအား ဒေသအမှတ် နံပါတ်မှတ်ပုံတင်ပေးခြင်း၊ မော်တော်ယာဉ်များ ၊ သုံးဘီးဆိုင်ကယ်များနှင့်ယာဉ်မောင်းလိုင်စင် ဆိုင်ရာ မှတ်ပုံတင်ပေးခြင်းကို ယနေ့နံနက်(၉)နာရီအချိန်မှစ၍ မြို့မအားကစားကွင်းအတွင်း၌ ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။


ထိုသို့ဆောင်ရွက်ပေးရာတွင် ဒေသအမှတ် မှတ်ပုံတင်ဆိုင်ကယ်စီးရေ (၃၀)စီး ၊ မော်တော်ယာဉ် သက်တမ်းတိုး(၂)စီး ၊ သုံးဘီးဆိုင်ကယ်သက်တမ်းတိုး(၂၉)စီး ၊ မော်တော်ဆိုင်ကယ်သက်တမ်းတိုး(၂၃)စီး ၊ ယာဉ်မောင်းလိုင်စင် သက်တမ်းတိုး(၅၃)ဦး ၊ အမောင်းသင်လိုင်စင်အသစ်(၅၂)တို့အား မှတ်ပုံတင်ခြင်းလုပ်ငန်း များဆောင်ရွက်နိုင်ခဲ့ကြောင်းသိရသည်။


အဆိုပါအဖွဲ့သည် တောင်ကုတ်မြို့နယ်အတွင်းရှိ ယာဉ်များနှင့်ယာဉ်မောင်းလိုင်စင်ဆိုင်ရာ မှတ်ပုံတင် ခြင်းလုပ်ငန်းများကို မြို့မအားကစားကွင်းအတွင်း၌ မတ်လ(၁၀)ရက်နေ့အထိ ဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်းသိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)