၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲစတင်ဖြေဆို မော်လမြိုင်ကျွန်းမြို့နယ်တွင်ဖြေဆိုသူ၈၈.၉၂ရာခိုင်နှုန်းရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲစတင်ဖြေဆို မော်လမြိုင်ကျွန်းမြို့နယ်တွင်ဖြေဆိုသူ၈၈.၉၂ရာခိုင်နှုန်းရှိ




MNP ၊ မတ်  ၈

မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအား ယနေ့ မတ်လ ၈ ရက်နံနက် ၉ နာရီတွင် မြန်မာစာဘာသာမှစတင်၍ ဖြေဆိုရမည်ဖြစ်ရာ မော်လမြိုင်ကျွန်းမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲစင်တာ (၇)ခုတွင်စာရင်းပေးသွင်းထားသူ(၁၀၁၁)ဦးရှိပြီး ၊ လာရောက်ဖြေဆိုသူ(၈၉၉)ဦး၊၈၈.၉၂ရာခိုင်နှုန်းရှိကြောင်းသိရသည်။


၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအား မတ် ၈ ရက်တွင် မြန်မာစာ၊ ၉ ရက်တွင် အင်္ဂလိပ်စာ၊ ၁၀ ရက်တွင် သင်္ချာ၊ ၁၃ ရက်တွင် ဓာတုဗေဒ၊ ၁၄ ရက်တွင် ရူပဗေဒ၊ ၁၅ ရက်တွင် ဇီဝဗေဒ/ဘောဂ ဗေဒ၊ ၁၆ ရက်တွင် ပထဝီဝင်၊ ၁၇ ရက်တွင် သမိုင်း၊ ၁၈ ရက်တွင် စိတ်ကြိုက်မြန်မာစာတို့အား နံနက် ၉ နာရီမှမွန်းတည့် ၁၂ နာရီအထိ ဖြေဆိုရမည်ဖြစ်ကြောင်း သိရသည်။


တက္ကသိုလ်ဝင်စာမေးပွဲအား ဝင်ရောက်ဖြေဆိုရန် မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လျှောက်

လွှာတင်ထားသူ ၁၇၉၇၄၂ ဦးရှိကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ထုတ်ပြန်ချက်အရသိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)