MNP - မတ် ၂၃
ရီးရဲလ်မက်ဒရစ်အသင်း၊ အာဆင်နယ်အသင်းနှင့် ဂျာမနီလက်ရွေးစင်အသင်းတို့မှာ ကစားခဲ့တဲ့ ကွင်းလယ်ဖန်တီးရှင် မီဆွတ် အိုဇေးလ်ဟာ ပရော်ဖက်ရှင်နယ်ဘောလုံးသမားဘဝမှ အနားယူဖို့ ဆုံဖြတ်ခဲ့ပြီး ဖြစ်ကြောင်း ယမန့်က သူရဲ့ twitter အကောင့်မှတစ်ဆင့် ကြေညာခဲ့သည်။
မီဆွတ်အိုဇေးလ်က " ကျွန်တော်အရင်ဆုံး ရှော်ကေး၊ ပြီးတော့ ရီးရဲလ်မက်ဒရစ်၊ အာဆင်နယ်၊ဖီနာဘာချီနှင့် ဘာဆာ့ခ်ဆဲဟ်အသင်းတို့ိကို ကျေးဇူးတင်ပါတယ်၊ ဘောလုံးလောကမှာရှိတဲ့ ကျွန်တော်ရဲ့ သူငယ်ချင်းအားလုံးကိုလည်း ကျေးဇူးတင်ချင်ပါတယ်၊ ဒါဟာ အံ့သြစရာ ခရီးတစ်ခုပါပဲ"လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။
အဆိုပါ အသက် ၃၄နှစ်အရွယ် ဂျာမန်သားဟာ ကစားသမားဘဝတစ်လျှောက် ၆၄၅ပွဲပါဝင်ကစားထားပြီး၊ ၁၁၄ဂိုးသွင်း၊ ၂၂၂ဂိုးဖန်တီးထားတာဖြစ်ပြီ ဂျာမန်ပိုကယ်လ်ဖလားတစ်ကြိမ်၊လာလီဂါဖလားတစ်ကြိမ်၊ အက်ဖ်အေဖလားလေးကြိမ်နှင့် ကမ္ဘာ့ဖလားတစ်ကြိမ်ဆွတ်ခူးထားခဲ့တာ ဖြစ်ပါတယ်။
souce - Fabrizio Romano
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment