မုံရွာမြို့၊ စက်မှုဇုန်ရပ်ကွက်၊ သုခဝတီလမ်း၌ ဖမ်းဆီးရမိ တရားခံ မှတဆင့် ဆက်စပ်တရားခံများ ထပ်မံဖမ်းဆီးရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မုံရွာမြို့၊ စက်မှုဇုန်ရပ်ကွက်၊ သုခဝတီလမ်း၌ ဖမ်းဆီးရမိ တရားခံ မှတဆင့် ဆက်စပ်တရားခံများ ထပ်မံဖမ်းဆီးရမိ


MNP ၊ မတ် ၂၃

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ စက်မှုဇုန်ရပ်ကွက်၊ သုခဝတီလမ်း၌ ဖမ်းဆီးရမိ တရားခံ မှတဆင့် ဆက်စပ်တရားခံများ ထပ်မံဖမ်းဆီးရမိပြီး PDF စခန်းများနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရသည်။

၂၀၂၃ခုနှစ်၊ မတ်လ ၁၂ရက်နေ့ညနေ ၆နာရီခွဲ တွင် မုံရွာမြို၊ စက်မှုဇုန်ရပ်ကွက်၊ သုခဝတီလမ်း၌ လုံခြုံရေးအဖွဲဝင်များမှ လှည့်ကင်းဆောင်ရွက်စဉ် ဆိုင်ကယ် ၁ စီးနှင့်အတူ သင်္ကာမကင်းဖွယ် အမျိုးသား ၁ ဦးအား တွေ့ရှိရသဖြင့် စစ်ဆေးခဲ့ရာ သက်နိုင်ဦး ၁၈ နှစ်၊ လင်းဘိုးကျေးရွာ၊ မုံရွာ မြိုနယ်နေသူအား ကျည်ဖူး ၁ ခုနှင့် ဖုန်း ၂ လုံးတိုအား တွေ့ရှိသိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ဖမ်းဆီးရမိ တရားခံ သက်နိုင်ဦး ၏ ထွက်ဆိုချက်အရ မတ်လ ၁၂ ရက်နေ့ ည ၇နာရီခွဲတွင် မုံရွာမြို့၊ နန္ဒဝန်ရပ်ကွက်၊ နယ်မြေ (၆)၊ မေတ္တာလမ်းရှိ “LUCKY-7 KTV” ဆိုင်အား လုံခြုံရေးအဖွဲဝင်များမှ ဝင်ရောက်ရှာဖွေခဲ့ရာ အကြမ်းဖက်အဖွဲ့ဝင်များဖြစ်ကြသော -

ဝေလင်းဦး (၁၇) နှစ်၊ လင်းပိုးကျေးရွာ၊ မုံရွာမြို့နယ်။ 

ငယ်ဦး (၁၉) နှစ်၊ ထန်းတောညောင်ရိပ်သာရပ်ကွက်၊ မုံရွာမြို့။ 

သူရအောင်(ခ)မှတ်ကြီး (၂၁)နှစ်၊ ပြည်တော်သာရပ်ကွက်၊ မုံရွာမြို့။

ကျော်လွင်မိုး(ခ) ဗိုလ်နေတိုး (၄၂) နှစ်၊ ထန်းတောညောင်ရိပ်သာရပ်ကွက်၊ မုံရွာမြို့။

ထက်ဖြိုးဝင်း (၂၁) နှစ်၊  ထန်းတောရွှေဝါရောင်ရပ်ကွက်၊ မုံရွာမြို့။

အောင်သူဝင်း(ခ)အောင်ပု ၁၈ နှစ်၊ ထန်းတောညောင်ရိပ်သာရပ်ကွက်၊ မုံရွာမြို။

ဝင်းနိုင်(ခ)စောနေတိုး(ခ)ကုလား (၃၅) နှစ် ၊ ထန်းတောညောင်ရိပ်သာရပ်ကွက်၊ မုံရွာမြို့ တို့ (၇)ဦးအား ဆက်စပ်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက်သမားများထံမှ SAUER စာတန်းပါ အမေရိကန်နိုင်ငံထုတ်(အနက်) သေနတ် ၁ လက်၊ Luger စာတန်းပါ ပစ္စတိုကျည်ဆံ ၅ တောင့်၊ အရိုး/အသွား ၉ လက်မခန့်ရှိ ဓါးဦးချွန် ၁ ချောင်း၊ ဖုန်း ၆ လုံးတို့နှင့်အတူ တွေ့ရှိ သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရသည်။


#MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)