မင်းဘူးမြို့၌ ကလေးအလုပ်သမား ပပျောက်ရေး မြေစိုက်ပိုစတာ စိုက်ထူခြင်းနှင့် အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မင်းဘူးမြို့၌ ကလေးအလုပ်သမား ပပျောက်ရေး မြေစိုက်ပိုစတာ စိုက်ထူခြင်းနှင့် အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ




MNP ၊ မတ်  ၁၇

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေး လုပ်ငန်းကော်မတီ၏ ဦးဆောင်မှုဖြင့် ကလေးအလုပ်သမား ပပျောက်ရေး မြေစိုက်ပိုစတာစိုက်ထူခြင်းကို ယနေ့ နံနက်ပိုင်းက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းရှေ့တွင် စိုက်ထူခဲ့သည်။


ထိုကဲ့သို့ မြေစိုက်ပိုစတာ စိုက်ထူရာတွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မေသန္တာအောင် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ယုနန္ဒာနှင့် ဌာန ဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့မိ၊ မြို့ဖများက မြေစိုက်ပိုစတာအား စိုက်ထူးပေးခဲ့ကြပြီး အဆိုပါ မြေစိုက်ပိုစတာတွင် ကလေးအလုပ် သမားများ၏ အလုပ်ချိန်သတ်မှတ်ချက်၊ ကလေးအ လုပ်သမား များ ခိုင်းစေခြင်းအား အတူတကွ တိုက်ဖျက်ကြပါစို့၊ အသက် (၁၄) နှစ် မပြည့်သေးသောသူကို အလုပ် လုပ်ခွင့်မပြု၊ ကလေးအလုပ်သမားများ၏ အလုပ်ချိန် ကန့်သတ်ချက်၊ ကလေးအလုပ် သမားများ အလုပ်ခွင် အသက်ကန့်သတ်ချက်နှင့် ၂၀၁၆ ခုနှစ် ဆိုင်များနှင့် အလုပ်ဌာနများဥပဒေ၊ ၂၀၁၉ ခုနှစ် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေများနှင့် ပြစ်မှု ပြစ်ဒဏ်များပါရှိကြောင်း သိရသည်။


ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူ လေးများ၊ ရပ်ကွက်နေပြည်သူများနှင့် လမ်းသွားလမ်းလာ ခရီးသွား ပြည်သူများအား ကလေး အလုပ်သမားများနှင့်ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန် အသိပညာပေး လက်ကမ်း စာစောင်များကို အခမဲ့ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။


ဇေယျာထက်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)