မြင်းခြံတက္ကသိုလ် မိသားစု ရေသင်္ကြန်ပွဲတော် ကျင်းပပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြင်းခြံတက္ကသိုလ် မိသားစု ရေသင်္ကြန်ပွဲတော် ကျင်းပပြုလုပ်



MNP ၊ မတ်  ၁၇

၂၀၂၃ ပညာသင်နှစ် မြင်းခြံတက္ကသိုလ် ဘာသာရပ်အသီးသီး စားမေးပွဲ နောက်ဆုံးရက် မိသားစု ရေသင်္ကြန်ပွဲတော်ကို ယမန်နေ့ နေ့လည် ၂ နာရီ အချိန်က မြင်းခြံတက္ကသိုလ် ပင်မ ဆောင်ရှေ့တွင် ကျင်းပပြုလုပ်ခဲ့သည်။


မြင်းခြံတက္ကသိုလ် မိသားစု ရေသင်္ကြန်ပွဲတော်ကို ပါမောက္ခချုပ် ဆရာမကြီး ဒေါက်တာ အေးအေးဟန်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ယိမ်းအဖွဲ့မှ "မန်းတောင်ရိပ်ခို" သီချင်းဖြင့် ကပြ ဖျော်ဖြေခဲ့ကြသည်။


အဆိုပါ ရေသင်္ကြန်ပွဲတော်တွင် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ အေးချမ်း ပျော်ရွှင်စွာ ရေကစားခဲ့ကြပြီး စတုဒီသာအဖြစ် မုန့်လက်ဆောင်များ တိုက်ကျွေးခဲ့ ကြောင်း သိရသည်။                                     


ကျော်စွာ

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)