ပေါင်မြို့နယ် တွင်စာဖတ်ရှိန် မြှင့်တင်ရေး ဟောပြောပွဲ နှင့်စာအုပ်ပြပွဲ နယ်လှည့်ကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ် တွင်စာဖတ်ရှိန် မြှင့်တင်ရေး ဟောပြောပွဲ နှင့်စာအုပ်ပြပွဲ နယ်လှည့်ကွင်းဆင်းဆောင်ရွက်





MNP ၊ မတ်  ၁၇

မွန်ပြည်နယ်  ပေါင်မြို့နယ် တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  မှဝန်ထမ်းများ က ယနေ့ နေ့လယ်ပိုင်းက  စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်ဟောပြောပွဲ ကို   ပေါင်းရပ်ကွက် ဆုတောင်းပြည့်ဘုရား ဓမ္မာရုံနှင့် ပေါင်းရပ်ကွက် ထန်းတောမွန်ဓမာရုံသို့  သွားရောက်‌ ဟောပြောခဲ့သည်။


အဆိုပါ ဟောပြောပွဲ တွင် ပေါင်မြို့နယ် ၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ  ဒေါ်တင်ဇာစိုးက  လူငယ်များ နွေရာသီ ကျောင်းပိတ်ရက်တွင် အားလပ်ချိန်ကိုအကျိုးရှိစွာ အသုံးပြုတတ်စေရန် စာအုပ် စာစောင်များ ကို လေ့လာဖတ်ရှုမှုတိုးပွားလာစေရန် ၊ စာပေဖတ်ရှုခြင်းဖြင့်အသိညာဏ်ပညာတိုးပွားစေရန် ၊စာပေဖတ်ရှုခြင်းဖြင့်ရရှိလာနိုင်မည့်အကျိုး ကျေးဇူးများကို ဟောပြောခဲ့ပြီး ဝန်ထမ်းများမှ ယူဆောင်လာသည့်သုတ/ရသစာအုပ်များကို ခင်းကျင်းပြသကာ ကလေးငယ်များအား စာဖတ်ဝိုင်း ပြုလုပ်ပေးခဲ့ကြောင်းသိရှိရပါသည်။


ပေါင်မြို့နယ်  ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့်  စာဖတ်ရှိန်မြှင့်တင်ရေး  နယ်လှည့်ဟောပြောပွဲနှင့်စာအုပ်ပြပွဲများကိုလစဥ် ကွင်းဆင်းဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment