MNP ၊ မတ် ၁၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ စာအုပ် စာပေချစ်မြတ်နိုးသူများအသင်း (Book Club) နှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်း၍ ယနေ့နံနက် (၉) နာရီခွဲက စာရေးဆရာကျော်ကျော်လှိုင်၏ “လူတွေရဲ့ချစ်ခင်မှုကိုရအောင်” စာအုပ်ဖြင့် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်း ကျင်းပခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မျိုးမျိုးသွယ်က စာဖတ်ဝိုင်းကျင်းပ ပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ (Book Club) အဖွဲ့ဝင် ဦးသီဟစိုးက လူတွေနဲ့ဆက်ဆံတဲ့အခါ အကောင်းဆုံးကိုယ်ခင်း စာစိတ်နဲ့ဆက်ဆံသင့်ကြောင်း၊ ဘာတွေကို အကောင်းဆုံး ဆောင်ရွက် ပေးနိုင်မလဲဆိုတဲ့စိတ်ကို အမြဲမွေးမြူသင့်ကြောင်း၊ (Book Club) အဖွဲ့ဝင် ဒေါ်သစ်သစ်စိုးက လူတွေရဲ့ကောင်းကွက်တွေကို ရိုးသားစွာနဲ့ချီးမွမ်းပြောဆိုတတ်သူကို လူတွေကချစ်ခင်ကြောင်း၊ ထို့ကြောင့် လူတွေရဲ့ချစ်ခင်မှုကိုရအောင် လူအများရဲ့ရှေ့တွင် ချီးမွမ်းပြောဆိုတတ်ဖို့ လိုကြောင်း၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင် ဒေါ်အိသန္တာဌေးက လူတွေရဲ့ချစ်ခင်မှုကိုရအောင် ပျော်ရွှင်ဖွယ် အမှတ်တရတွေဖန်တီးသင့်ကြောင်း၊ ခင်မင်ရင်းနှီးသူတွေနဲ့ ပျော်ရွှင်စွာသွားခဲ့တာတွေ၊ ဒုက္ခဆင်းရဲတွေကို တွေ့ကြုံရပါက အတူဖြတ်သန်းကျော်လွှားခဲ့တာတွေပြောဆိုရင်း ခင်မင်ရင်းနှီးမှု ခိုင်မြဲနိုင်ကြောင်း ဝိုင်းဝန်းဆွေးနွေးခဲ့ကြောင်းသိရသည်။
မြင့်မောင်
https://t.me/MyanmarNationalPost
No comments:
Post a Comment