ဂျပန် ဖိတ်ခေါ် ယူ - ၁၇ အမျိုးသမီးပြိုင်ပွဲတွင် ဂျပန်က မြန်မာကို (၄-ဝ) ဂိုးဖြင့် အနိုင်ရရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂျပန် ဖိတ်ခေါ် ယူ - ၁၇ အမျိုးသမီးပြိုင်ပွဲတွင် ဂျပန်က မြန်မာကို (၄-ဝ) ဂိုးဖြင့် အနိုင်ရရှိ


MNP ၊ မတ် ၁၇

ဂျပန်- အာဆီယံ ချစ်ကြည်ရေးနှင့် ယဉ်ကျေးမှု ဖလှယ်ရေး အစီအစဉ်အရ ကျင်းပသည့် 2022 JENESYS U-17 Women’s Football Memorial Cup အုပ်စု (C)ပြိုင်ပွဲအဖြစ် ဂျပန်နိုင်ငံ၊ အိုကီနာဝါမြို့တွင် မြန်မာ့လက်ရွေးစင် ယူ -၁၇ အမျိုးသမီးအသင်းနှင့် ဂျပန် ယူ -၁၇ အမျိုးသမီး လက်ရွေးစင် အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ဂျပန် ယူ -၁၇ အမျိုးသမီး လက်ရွေးစင်အသင်းက (၄-ဝ) ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

ဂျပန် ယူ -၁၇ အမျိုးသမီး လက်ရွေးစင်အသင်းသည် ပထမပိုင်းတွင် (၃) ဂိုး၊ ဒုတိယပိုင်းတွင် (၁) ဂိုး သွင်းယူခဲ့ခြင်းဖြစ်သည်။

မြန်မာ့လက်ရွေးစင် ယူ -၁၇ အမျိုးသမီးအသင်းသည် မတ် ၁၉ ရက်တွင် ဖိလစ်ပိုင် ယူ- ၁၇ အမျိုးသမီး လက်ရွေးစင်အသင်းနှင့် ယှဉ်ပြိုင် ကစားရမည်ဖြစ်ပြီး အုပ်စု ပွဲစဉ်များပြီးပါက မတ် ၂၀ နှင့် ၂၁ ရက်တို့တွင်  အဆင့် သတ်မှတ်ချက်အတွက် ပွဲများ ဆက်လက်ယှဉ်ပြိုင် ကစားရမည်ဖြစ်သည်။

ယနေ့ ယှဉ်ပြိုင်ခဲ့သည့် အခြားပွဲစဉ်များဖြစ်သော အုပ်စု (D)တွင် ထိုင်း ယူ-၁၇ အမျိုးသမီး လက်ရွေးစင်အသင်းက တီမော ယူ- ၁၇ အမျိုးသမီး လက်ရွေးစင်အသင်းကို ၁၃-၀ ဂိုး၊ အုပ်စု (A)တွင် ဗီယက်နမ် ယူ- ၁၇ အမျိုးသမီး လက်ရွေးစင်အသင်းက မလေးရှား ယူ- ၁၇ အမျိုးသမီး လက်ရွေးစင် အသင်းကို (၃-ဝ) ဂိုး၊ အုပ်စု (B)တွင် ကမ္ဘောဒီယား ယူ- ၁၇ အမျိုးသမီး လက်ရွေးစင်အသင်းက အင်ဒိုနီးရှား ယူ- ၁၇ အမျိုးသမီး လက်ရွေးစင်အသင်းကို (၂-ဝ) ဂိုးဖြင့် လည်းကောင်း အနိုင်ရရှိခဲ့ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)