မြောက်ဦးမြို့၌ တက္ကသိုလ်ဝင်စာမေးပွဲ အင်္ဂလိပ်စာဘာသာရပ်အား ကျောင်းသား ၊ ကျောင်းသူ များ အေးချမ်းတည်ငြိမ်စွာဖြေဆိုလျှက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြောက်ဦးမြို့၌ တက္ကသိုလ်ဝင်စာမေးပွဲ အင်္ဂလိပ်စာဘာသာရပ်အား ကျောင်းသား ၊ ကျောင်းသူ များ အေးချမ်းတည်ငြိမ်စွာဖြေဆိုလျှက်ရှိ





MNP ၊ မတ်  ၉

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်အတွင်း ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ  အင်္ဂလိပ်စာဘာသာရပ်အား ယနေ့ နံနက် ၉ နာရီက စတင်ကာ မြောက်ဦးမြို့နယ်အတွင်း စာစစ်ဌာ န(၃)ခု၌ ကျောင်းသား၊ ကျောင်းသူစုစုပေါင်း (၈၇၄)ဦးတို့က တည်ငြိမ်အေးချမ်းစွာ ဝင် ရောက် ဖြေဆိုလျှက်ရှိကြောင်း သိရသည်။ 


ထို့နောက် ကျောင်းသား၊ကျောင်းသူများ အေးချမ်းတည်ငြိမ်စွာဖြေဆိုနိုင်ရန်အတွက် မြို့နယ်အ ဆင့်ဌာနဆိုင်ရာများ၊မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ၊မြန်မာနိုင်ငံကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များမှအတွင်းစည်း၊ အပြင်စည်းများဖြင့် ဝိုင်းဝန်းကူညီစောင့်ရှောက်ပေးလျှက်ရှိသည်။ 


မြောက်ဦးမြို့နယ်အတွင်းရှိစာ စစ်ဌာန (၃)ခုတွင် တက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက်ဖြေဆိုမည့် စာရင်းရှိကျောင်းသား၊ ကျောင်း သူစုစု ပေါင်း (၉၆၉)ဦးရှိပြီး  အ.ထ.က(၁) စာစစ် ဌာနတွင် ဝင်ရောက်ဖြေဆိုသူ (၃၈၇)ဦး၊ အထက-၂ စာစစ်ဌာနတွင်(၃၇၁)ဦး၊ အထက-မြောင်းဘွေ စာစစ်ဌာနတွင်(၁၁၆)ဦး၊ စုစုပေါင်း စာစစ်ဌာန(၃) မှ ဝင်ရောက်ဖြေဆိုသူ(၈၇၄)ဦး၊ ပျက်ကွက် (၉၅) ကြောင်း ၊ စာစစ်ဌာန (၃) ခုတွင် ဖြေဆိုသည့် ကျောင်းသား/ကျောင်းသူ ရာခိုင်နှုန်း (၉၀.၂၀) ရှိပြီး ပျက်ပျက်ရာခိုင်နှုန်းမှ (၉.၈၀) ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။


မြင့်စိုး၊စိုးငြိမ်းနိုင်

 https://t.me/MyanmarNationalPost



No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)