အမ်းမြို့နယ်၌ ၂၀၂၂- ၂၀၂၃ ပညာသင် နှစ် တက္ကသိုလ်ဝင်စာမေး ပွဲ ဒုတိယနေ့English စာဘာသာတွဲအား (၈၁၇)ဦးအေးချမ်းစွာ ဖြေဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမ်းမြို့နယ်၌ ၂၀၂၂- ၂၀၂၃ ပညာသင် နှစ် တက္ကသိုလ်ဝင်စာမေး ပွဲ ဒုတိယနေ့English စာဘာသာတွဲအား (၈၁၇)ဦးအေးချမ်းစွာ ဖြေဆို




MNP ၊ မတ်  ၉

    ရခိုင်ပြည်နယ်၊ အမ်း ခရိုင်၊ အမ်းမြို့ နယ်၌ ၂၀၂၂-၂၀၂၃ ပညာ သင်နှစ်၊ တ က္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့ English  စာဘာ သာတွဲအား  ယနေ့ နံနက် ၉ နာ ရီအချိန်တွင် ကျောင်း သား၊ ကျောင်းသူများအေးချမ်းစွာ စာ မေးပွဲ ဖြေဆိုလျက်ရှိသည်။


အမ်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာ သင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ၌  မြို့ပေါ် ရပ်ကွက်တွင် အမှတ် (၁)အထက၊ အမှတ် (၂)အထက၊ အမှတ် (၃)အထက နှင့်  အထက(တပ်တောင်) စာစစ်ဌာန (၄)ခုတွင် ကျောင်းတွင်းမှဖြေဆိုသည့်ကျောင်းသားကျောင်းသူ(၆၅)ဦး၊ ပြင်ပမှဖြေဆိုမည့်သူ(၇၅၅)ဦးစုစုပေါင်း (၈၂၀) ဦးဝင်ရောက်ဖြေဆိုခဲ့ရာမှဒုတိယ နေ့ English ဘာသာတွဲ ဖြေဆိုသူ(၈၁၇) ဦး၊ ပျက်ကွက်သူ(၃) ဦး ရှိကြောင်းသိရသည်။


 အဆိုပါတက္ကသိုလ်ဝင်စာမေးပွဲ အေး ချမ်းစွာဖြေဆိုနိုင်ရေးအတွက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဒုတိယတိုင်းမှူး  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ နှင့်အဖွဲ့ဝင်များ၏ကြီးကြပ်မှုဖြင့်မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန် ရှိသူများ၊ ရပ်ကွက်/ကျေး ရွာအုပ်စုအုပ် ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများက စာစစ်ဌာနအ သီးသီး၌ အပြင်စည်းလုံ ခြုံရေးဆိုင်ရာကိစ္စရပ်များ၊မလိုလာအပ် သောကိစ္စရပ်များမဖြစ်ပေါ်ရေး၊ စာမေး ပွဲဖြေဆိုမှုကို အနှောက်အချက် မဖြစ်စေရေးနှင့် ကျန်း မာရေးစောင့်ရှောက်မှုများ အဆင်ပြေချော မွေ့စေရန်ဆောင် ရွက် ပေးလျက်ရှိကြောင်းသိရသည်။  


စိုးမင်းထွန်း                           

 https://t.me/MyanmarNationalPost




No comments:

Post a Comment