သံတွဲမြို့နယ်ရှိစာစစ်ဌာနများ၌ ကျောင်းသား၊ ကျောင်းသူများအင်္ဂလိပ်စာဘာသာရပ်အား အေးချမ်းစွာဖြေဆိုလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သံတွဲမြို့နယ်ရှိစာစစ်ဌာနများ၌ ကျောင်းသား၊ ကျောင်းသူများအင်္ဂလိပ်စာဘာသာရပ်အား အေးချမ်းစွာဖြေဆိုလျက်ရှိ



MNP ၊ မတ်  ၉                 

၂၀၂၂-၂၀၂၃ ပညာသင်နှစ်တက္ကသိုလ်ဝင်စာမေးပွဲကို နိုင်ငံတစ်ဝှမ်းလုံး၌ မတ် ၈ နံနက် ၉နာရီမှ စတင်၍ ဒုတိယနေ့ အင်္ဂလိပ်စာဘာသာရပ်ကို ဖြေဆိုလျက်ရှိရာ ရခိုင်ပြည်နယ် သံတွဲမြို့နယ်ရှိ စာစစ်ဌာန(၅)ခုတွင် ကျောင်းသား၊ ကျောင်းသူ များ အေးချမ်းစွာစာမေးပွဲဖြေဆိုလျက်ရှိကြောင်းသိရသည်။


သံတွဲမြို့နယ်အတွင်းရှိစာစစ်ဌာနများဖြစ်သည့် အထက(၁)၊ အထက(ငပလီ)၊ အထက(ရွှေလှေ) အထက(ကင်းမော်)၊ အထက(ကျောက်ကြီး)စစစ်ဌာန (၅)ခုတွင် စာမေးပွဲဖြေဆိုရန် စာရင်းစာရင်းသွင်းထားသူ (၉၆၈)ဦး ရှိသည့်အနက် ဝင်ရောက်ဖြေဆိုသူ( ၈၆၂ )ဦးရှိပြီး ပျက်ကွက်သူ (၁၀၆)ဦးရှိသဖြင့် ၈၉% ဖြေဆိုကြောင်း မြို့နယ်ပညာ ရေးမှူးရုံးမှသိရှိရသည်။


အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၈ ရက်နေ့မှ  ၁၈ ရက်နေ့အထိ ချောမွေ့စွာဖြေဆိုနိုင်ရေးအတွက် လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ မလိုလားအပ်သော ကိစ္စရပ်များ မဖြစ်ပေါ်စေရေး၊ မသမာသောကိစ္စရပ်များမဖြစ်ပေါ်စေရေးနှင့် စာမေးပွဲဖြေဆိုမှု အနှောက်အယှက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ အဆင်ပြေစေရေးအတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးမျိုးချစ်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌဦးမောင်သာစိန်နှင့်အဖွဲ့ဝင်များ၊ ပညာရေးဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ ရပ်ကွက်၊ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ မီးသတ်တပ်ဖွဲ့ ဝင်များနှင့်ရပ်မိရပ်ဖများပူးပေါင်း၍စာစစ်ဌာနအသီးသီး၌ လိုအပ်ချက်များကိုပေါင်းစပ် ဆောင်ရွက်ပေးလျက် ရှိကြောင်းသိရသည်။ 


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)