ပုဏ္ဏားကျွန်းမြို့၌ ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အင်္ဂလိပ်စာဘာသာရပ်အား ဆက်လက်ဖြေဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုဏ္ဏားကျွန်းမြို့၌ ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အင်္ဂလိပ်စာဘာသာရပ်အား ဆက်လက်ဖြေဆို




MNP ၊ မတ်  ၉

     နိုင်ငံတစ်ဝန်းတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ၂၀၂၃ ခုနှစ် မတ်လ ၈ ရက်နေ့၊  နံနက် ၉ နာရီကစ၍ တစ်ပြိုင်နက်တည်းကျင်းပလျက်ရှိရာ ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၌ စာစစ်ဌာန(၄)ခုဖွင့်လှစ်ကာ ယနေ့၊ အင်္ဂလိပ်စာဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြင့် ဆက်လက်ဖြေဆိုလျက်ရှိသည်။


ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ ကျောင်း သား/သူများ တက္ကသိုလ်ဝင်တန်းစာ​မေးပွဲကို စိတ်အေးချမ်းသာစွာ ဝင်ရောက်ဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှကြီးကြပ်ပြီး၊ အထက-ပုဏ္ဏားကျွန်း၊ အထက(ခွဲ)-မြို့မ၊ မူ(လွန်)-ရွာဟောင်းနှင့် မူ(လွန်)-စံပြ(၂)စသည့် စာစစ်ဌာန(၄)ခုကို ဖွင့်လှစ်၍  မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့်ဌာနဆိုင်ရာများက နယ်မြေလုံခြုံရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။


     ပုဏ္ဏားကျွန်းမြို့နယ်၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုခွင့်စာရင်းရှိ ကျောင်း သား၊ ကျောင်းသူ(၁၅၀၉)ဦးရှိရာ ယနေ့တွင် အင်္ဂလိပ်စာဘာသာရပ်ကို စာစစ်ဌာ န(၄)ခု၌ ဝင်ရောက် ဖြေဆိုသူ (၁၃၂၅)ဦး၊ ပျက်ကွက်သူ(၁၈၄)ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။


နီထွန်းအောင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)