မှော်ဘီမြို့နယ်၊ ဘိုးဒေါ့ကုန်းအုပ်စု၊ ရေသိုးကျေးရွာ လယ်ကွင်းပြင်မှ မပစ်ခတ်ရသေးသည့် ၁၀၇ မမ ရှော့တိုက်ဒုံး (၃)လုံး၊ ပစ်စင် (၈)ခု သိမ်းဆည်းရမိ - Myanmar National Post

Myanmar National Post

News Agency

Breaking

မှော်ဘီမြို့နယ်၊ ဘိုးဒေါ့ကုန်းအုပ်စု၊ ရေသိုးကျေးရွာ လယ်ကွင်းပြင်မှ မပစ်ခတ်ရသေးသည့် ၁၀၇ မမ ရှော့တိုက်ဒုံး (၃)လုံး၊ ပစ်စင် (၈)ခု သိမ်းဆည်းရမိ


MNP ၊ မတ် ၂၂

မှော်ဘီမြို့နယ်၊ ဘိုးဒေါ့ကုန်းအုပ်စု၊ ရေသိုးကျေးရွာ လယ်ကွင်းပြင်(ပိုင်ရှင်-စိစစ်ဆဲ)၏ ကွင်းပြင် အတွင်းမှ မပစ်ခတ်ရသေးသည့် ၁၀၇ မမ ရှော့တိုက်ဒုံး (၃)လုံး၊ သံဖရိန်ဖြင့် ပြုလုပ်ထားသည့် ပစ်စင် (၈)ခု၊ 12 Volt ဘတ္ထရီ (၅)လုံး၊ စနက်တံ (၃)ခု၊ ဝါယာကြိုး နီ/နက် (၈)ခွေတို့အား တွေ့ရှိခဲ့ကြောင်း သိရသည်။

၂၁-၃-၂၀၂၃ ရက်နေ့ ၂၁ ၀၅ အချိန်တွင် မှော်ဘီမြို့နယ်၊ တောင်ပိုင်းလေတပ်ကွပ်ကဲမှုဌာနချုပ်၌ ပေါက်ကွဲသံများကြားရသဖြင့် စိစစ်ခဲ့ရာ နယ်မြေခံတပ်မှ သတင်း အတည်ပြုနိုင်ရန် ကြိုးပမ်းခဲ့ပြီး  ယနေ့ နံနက် ၀၇ ၀၀ အချိန် ထပ်မံစိစစ်ခဲ့ရာ စိစစ်ဆဲနေရာမှ ၁၀၇ မမ ဟု ယူဆရသော အရာဖြင့် ပစ်ခတ်ခဲ့သဖြင့် တောင်ပိုင်းလေတပ်ကွပ်ကဲမှုဌာနချုပ်၊ အရာရှိရိပ်သာ (၁)၏ အရှေ့တောင်ဘက် မီတာ (၁၅၀) ခန့်အကွာရှိ နေဗီယာမြက်စိုက်ခင်းအတွင်း အလျား (၁၀)ပေ၊ အနံ (၁၅)ပေခန့်ရှိ မီးလောင်ထားသောနေရာအား စစ်ဆေး တွေ့ရှိရကြောင်း၊ ယင်းပေါက်ကွဲမှု ကြောင့် လူ/ပစ္စည်း ထိခိုက်မှု မရှိကြောင်း၊ ပေါက်ကွဲစ အပိုင်းအစများ မတွေ့ရှိခဲ့ကြောင်း၊ နယ်မြေခံတပ်မှ ဆက်လက် ရှင်းလင်းခဲ့ရာ မှော်ဘီမြို့နယ်၊ တပ်ကြီးကုန်းကျေးရွာ၊ ရန်ကုန်-ပြည်ကားလမ်းဘေး(မှော်ဘီလေတပ်စခန်း ဂိတ်-၉ နှင့် မီတာ ၁၅၀ ခန့်အကွာ)၌ အကျယ် (၁.၅)ပေ၊ အနက် (၆) လက်မခန့်ရှိ မြေကျင်းတစ်ကျင်းနှင့် သတ္တူအပိုင်းအစများ တွေ့ရှိခဲ့ကြောင်း၊ စုစုပေါင်း ပေါက်ကွဲမှု (၂)ကြိမ် ဖြစ်ပေါ်ခဲ့ပြီး လူ/ပစ္စည်း ထိခိုက်မှု မရှိကြောင်း၊ ပစ်ခတ်နိုင်သည့်နေရာအား သိရှိနိုင်ရေးအတွက် မှော်ဘီတပ်နယ်မှ ဗိုလ်မှူး စိုးမိုးအောင် ဦးစီးအဖွဲ့က နယ်မြေရှင်းလင်းခဲ့ရာ တောင်ပိုင်းလေတပ်ကွပ်ကဲမှုဌာနချုပ်နှင့် (၃.၈)မိုင်ခန့်ကွာဝေးသည့် မှော်ဘီမြို့နယ်၊ ဘိုးဒေါ့ကုန်းအုပ်စု၊ ရေသိုးကျေးရွာ လယ်ကွင်းပြင်(ပိုင်ရှင်-စိစစ်ဆဲ)၏ ကွင်းပြင် အတွင်းမှ မပစ်ခတ်ရသေးသည့် ၁၀၇ မမ ရှော့တိုက်ဒုံး (၃)လုံး၊ သံဖရိန်ဖြင့် ပြုလုပ်ထားသည့် ပစ်စင် (၈)ခု၊ 12 Volt ဘတ္ထရီ (၅)လုံး၊ စနက်တံ (၃)ခု၊ ဝါယာကြိုး နီ/နက် (၈)ခွေတို့အား တွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ သိမ်းဆည်းရမိ ရှော့တိုက်ဒုံးနှင့် ဆက်စပ်ပစ္စည်းများအား မှော်ဘီတပ်နယ်မှ သိမ်းဆည်းယူဆောင်သွားခဲ့ပြီး တရားခံဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


#MyanmarNationalPost





No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)