ကြံခင်းမြို့တွင် အသိပညာပေး ဟောပြောပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကြံခင်းမြို့တွင် အသိပညာပေး ဟောပြောပွဲ ကျင်းပ


MNP ၊ မတ်  ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တွင် သဘာဝပတ်ဝန်းကျင် သာယာလှပစေရေး၊ သန့်ရှင်းသာယာသော မြို့တော်ဖြစ်လာစေရန်နှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို   ယမန်နေ့နေ့လည်ပိုင်းက  ကြံခင်းမြို့ မြို့မရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ပြုလုပ်ခဲ့သည်။


ရှေးဦးစွာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဌေးမြင့်အောင်က  သဘာဝ ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရန် မိမိနေထိုင်သောအိမ် ခြံဝန်းအတွင်း/အပြင် သန့်ရှင်းရေးနှင့် မီးဖိုချောင်ထွက် စွန့်ပစ်အမှိုက်များအား အမှိုက်စို၊ အမှိုက်ခြောက်ခွဲခြား စွန့်ပစ်တတ်စေရန်၊ အမှိုက်များ စနစ်တကျစွန့်ပစ်ရန်နှင့် စွန့်ပစ်အမှိုက်များကိုလည်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများက ရပ်ကွက်ရှိလမ်းများ အတွင်းလိုက်လံ သိမ်းဆည်းပေးကြောင်း ရှင်းလင်းဟောပြောသည်။


ထို့နောက် မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိဦးကိုကိုနိုင်က မီးဘေးကြိုတင်ကာကွယ်ရမည့် အချက်များ၊ မီးလောင်လွယ်သော ပစ္စည်းများကို ရှင်းလင်းထားရန်နှင့် မီးချိတ်၊ မီးကပ်၊ ရေအိတ်၊ သဲအိတ်များနှင့် မီးသတ်ရေလှောင်ကန်များ စနစ်တကျထားရှိ ဆောင်ရွက်ကြရန် ဟောပြောပြီးနောက် တက်ရောက်လာကြသော ပြည်သူများအား သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက  မီးဘေးလုံခြုံရေး အသိပညာပေးလက်ကမ်းစာစောင်များ  ဖြန့်ဝေပေးကြောင်း  သိရသည်။


ဟောပြောပွဲသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှ တာဝန်ရှိသူများနှင့် ပြည်သူများ တက်ရောက်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost



No comments:

Post a Comment