ပိုင်ကျုံမြို့ ဝင်းဖရကျေးရွာအုပ်စုအတွင်းရှိ လူမှုရေးပင်စင်အကျိုးခံစားခွင့်ရှိသူ ဘိုးဘွား(၁၄)ဦး တို့အား တာဝန်ရှိသူများက ထောက်ပံ့ငွေများ လက်ဝယ်အရောက်ထောက်ပံ့ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပိုင်ကျုံမြို့ ဝင်းဖရကျေးရွာအုပ်စုအတွင်းရှိ လူမှုရေးပင်စင်အကျိုးခံစားခွင့်ရှိသူ ဘိုးဘွား(၁၄)ဦး တို့အား တာဝန်ရှိသူများက ထောက်ပံ့ငွေများ လက်ဝယ်အရောက်ထောက်ပံ့ပေးအပ်


MNP ၊ မတ်  ၁၈

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊​ ဝင်ဖရကျေးရွာအုပ်စုအတွင်းရှိ သက်ကြီးဘိုးဘွားများအား လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် တတိယ(၃)လပတ်အတွက် လူမှုရေးပင်စင်အကျိုးခံစားခွင့်ရှိ သော အသက်(၈၅)နှစ်နှင့် အထက် အဘိုးအဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများကို ယမန်နေ့က လက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


ထောက်ပံ့ငွေများ ပေးအပ်ရာတွင် ဝင်းဖရကျေးရွာအုပ်စုအတွင်းရှိ လူမှုရေးပင်စင်အကျိုးခံစားခွင့် ရှိသော အဘိုးအဘွား (၁၄)ဦးတို့အား တစ်ဦးလျှင် (၃၀၀၀ဝိ/-) နှုန်းဖြင့် စုစုပေါင်း ကျပ်ငွေ (၄၂၀၀၀ဝိ/-) တိတိကို သက်ဆိုင်ရာ ကျေးရွာမှ တာဝန်ရှိသူများက လက်ဝယ်အရောက် ထောက်ပံ့ ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။


ပိုင်ကျုံမြို့တွင် ပေါ်(၅)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၂၇)အုပ်စုတို့တွင် လူမှုရေးပင်စင်ခံစားခွင့်ရှိသော အသက် (၈၅)နှစ်နှင့် အထက် သက်ကြီးဘိုးဘွား စုစုပေါင်း (၃၅၇)ဦးရှိပြီး ထောက်ပံ့ငွေများ လက်ဝယ်အရောက် ရရှိရေးအတွက် ကျေးရွာရှိ တာဝန်ရှိသူများက လိုက်လံပေးအပ်လျက်ရှိကြောင်း သိရသည်။


နော်ခူး 

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)