စစ်ကိုင်းခရိုင်၊ မြို့နယ်သစ်တောဦးစီးဌာန၌ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးနှင့် မီးငြှိမ်းသတ်နည်း လက်တွေ့သရုပ်ပြသပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ကိုင်းခရိုင်၊ မြို့နယ်သစ်တောဦးစီးဌာန၌ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးနှင့် မီးငြှိမ်းသတ်နည်း လက်တွေ့သရုပ်ပြသပေး



MNP ၊ မတ်  ၁၄

စစ်ကိုင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇော်မြင့်ဟန် ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင် များသည် ယနေ့၊ နံနက်ပိုင်းက ခရိုင်/ မြို့နယ်သစ်တောဦးစီးဌာနရှိ ဝန်ထမ်းများအား မီးဘေးကြိုတင် ကာကွယ်ရေး အသိပညာပေး ဆွေးနွေးပွဲနှင့် မီးငြှိမ်းသတ်နည်း လက်တွေ့သရုပ်ပြသပေးခဲ့ကြကြောင်း သိရ သည်။


ဆွေးနွေးပွဲတွင် စစ်ကိုင်းမြို့နယ် မီးသတ်ဦးစီးမှူးက အများပြည်သူများ/ ဝန်ထမ်းများအနေဖြင့် မီးဘေး ကြိုတင်ကာကွယ်ရေးအတွက် လုပ်ဆောင်ရမည့် နည်းလမ်းများ၊ ဆောင်ရန်/ရှောင်ရန်အချက်များ၊ မီးလောင်မှု စတင်ဖြစ်ပွားပါက စိတ်ကိုတည်ငြိမ်အောင်ထား၍ စတင်လုပ်ဆောင်ရမည့် အခြေအနေများ၊ မိမိတို့နေ့စဉ် အသုံးပြု ဆောင်ရွက်နေကြသည့် လျှပ်စစ်မီးနှင့် ပတ်သက်သည့် ပစ္စည်းများကို မကြာခဏ စစ်ဆေးပေးကြဖို့ ကြိုတင်ကာကွယ်ခြင်းသည် ထိရောက်မှုရှိသည့် လုပ်ငန်းစဉ်များဖြစ်သည့်အတွက် အလေးထားပြုမူဆောင်ရွက် သွားကြပါလို့ အထူးဆွေးနွေးလိုကြောင်း စသည်ဖြင့် ပြောကြားပေးခဲ့ပြီး လက်တွေ့မီးငြှိမ်းသတ်နည်း အဆင့် ဆင့်တို့ကို ရှင်းလင်းပြသကာ ဝန်ထမ်းများက လက်တွေ့မီးငြှိမ်း သတ်နည်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


စစ်ကိုင်းခရိုင်/ မြို့နယ်မီးသတ်ဦးစီးဌာနအနေဖြင့် နွေရာသီပွင့်လင်းရာသီ ရောက်ရှိလာပြီဖြစ်သည့်အတွက် မြို့ပေါ်နှင့် မြို့နယ်အတွင်းရှိ  အများပြည်သူများနှင့် သက်ဆိုင်သည့် စာသင်ကျောင်းများ၊ ရုံးဌာနများ၊ ဈေးများ၊ ပြညသူ့ဆေးရုံကြီးများနှင့် ဘုရား/ကျောင်းကန်/သိမ်/ဇရပ် စသည့် နေရာများတွင် မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် မီးငြှိမ်းသတ်နည်းများကို စဉ်ဆက်မပြတ် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


ဇော်မြင့်နိုင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)