MNP ၊ မတ် ၂၄
ရခိုင်ပြည်နယ် ၊ တောင်ကုတ်ခရိုင် ၊ တောင်ကုတ်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် (ငါးကဏ္ဍ) ဆိုင်ရာအရင်းမပျောက်မတည်ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ယနံနက်က ခရိုင်ကျေးရွာအုပ်စု၊ ကန်ချောင်ကျေးရွာတွင်ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးကျော်မြင့်လှိုင် ကအမှာစကားပြောကြားပြီး နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးမောင်ပု နှင့် ခရိုင်ငါးလုပ်ငန်းဦးစီးဌာန တာဝန်ခံ ဦးဇော်မင်းနိုင် တို့က နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် (ငါးကဏ္ဍ)ဆိုင်ရာအရင်းမပျောက် မတည်ရန်ပုံငွေလွှဲပြောာင်းပေးအပ်ရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် ငါးကဏ္ဍဖွံ့ဖြိုးရေးအတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ နိုင်ငံ့စီးပွားမြှင့်တင်ရေးဆိုင်ရာ အရင်းမပျောက်မတည်ငွေကျပ်သိန်း(၆၀၀)အား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးကျော်မြင့်လှိုင် က ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီ ဥက္ကဌ ဦးသိန်းလွင် သို့ပေးအပ်သည်။
အဆိုပါအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးကျော်မြင့်လှိုင်နှင့်အဖွဲ့ဝင်များ ၊ ခရိုင်အဆင့် ဌာနဆိုင်ရာများ ၊ ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီ ဥက္ကဌနှင့်အဖွဲ့ဝင်များ နှင့် ဒေသခံပြည်သူများတက် ရောက်ခဲ့ကြောင်းသိရသည်။
https://t.me/MyanmarNationalPost




No comments:
Post a Comment