MNP ၊ မတ် ၂၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်ရှိ ဌာနဆိုင်ရာဝန်ထမ်းများအား သက်သာသောဈေးနှုန်းဖြင့် ကြက်ဥနှင့် နွားနို့များနှင့် စားသောက်ကုန်ပစ္စ္စည်းများ ဖြန့်ဖြူးရောင်းချပေးခြင်းကို ယနေ့နံနက် ၉ နာရီ ခွဲအချိန်က ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသခန်းမရှေ့တွင် ရောင်းချပေး လျက်ရှိကြောင်း သိရသည်။
ထိုသို့ ရောင်းချပေးရာတွင် တပ်နယ်ကွပ်ကဲမှုအောက်ရှိ တပ်ရင်း/ဌာနများမှ တာဝန်ရှိသူများက နိုင်ငံ့တာဝန်ထမ်းဆောင်နေသော ဌာဆိုင်ရာဝန်ထမ်းများ စားဝတ်နေရေးတစ်ဖက်တစ်လမ်းမှ အဆင်ပြေစေရန်နှင့် သက်သာချောင်ချိရေးကိုရှေးရှု၍ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ အဆင့်ရုံးမှ ဝန်ထမ်းများ၊ မြို့နယ် အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများအတွက် ကြက်ဥ (၄၉၄၅) လုံးနှင့် နွားနို့၊ ဒိုင်ချဉ် (၅၀) ပိဿာ၊ ဝက်သား(၄၀)ပိဿာ၊ ကြက်သား(၄၀)ပိဿာ၊ စားသောက်ကုန် ပစ္စည်းများ၊ စက်ရုံထုတ်ပစ္စည်းများနှင့် ဟင်းသီးဟင်းရွက်များကို သက်သာသောဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ဖြန့်ဖြူး ရောင်းချပေးနေမှုအား တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်းမှ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် သိန်းနိုင်၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးတင်ထူးမောင် တို့က ကြည့်ရှုခဲ့ကြသည်။
https://t.me/MyanmarNationalPost


No comments:
Post a Comment