MNP ၊ မတ် ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ဖျာပုံမူလတန်းကြိုကျောင်း၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပဒေသာကပွဲနှင့် ECCD (Certificate) ပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက် (၉)နာရီအချိန်က ဖျာပုံမူလတန်းကြို ကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။
အဆိုပါ မူလတန်းကြိုကျောင်းတွင် ပဒေသာကပွဲနှင့် ECCD (Certificate) ပေးအပ်ပွဲ ကျင်းပရာတွင် ဖျာပုံခရိုင် လူမှု ဝန်ထမ်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်စန်းစန်းဝင်းက အဖွင့်အမှာ စကား ပြောကြားပြီး ဖျာပုံမူလတန်းကြို ကျောင်းသားငယ်၊ သမီးငယ်လေးများက "စည်းလုံး ခြင်းအတွက် သီချင်းတစ်ပုဒ်" တေးသီချင်းဖြင့် သီဆိုကပြဖျော်ဖြေ ကြသည်။ ထို့နောက် မူလတန်းကြို ပညာသင်ကြား တတ်မြောက်ပြီးသော ရင်သွေးငယ်လေးများအား ECCD (Certificate) လက်မှတ်များကို ဖျာပုံခရိုင် လူမှုဝန်ထမ်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်စန်းစန်းဝင်း၊ ဖျာပုံမူလတန်းကြိုကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးခိုင်နှင့် တာဝန်ရှိသူများက ရင်သွေးငယ်လေးများအား ECCD (Certificate) လက်မှတ်များ အသီးသီး ပေးအပ် ချီးမြှင့်ကြသည်။
ဆက်လက်၍ ဖျာပုံမူလတန်းကြိုကျောင်းမှ သားငယ်သမီးငယ်လေးများက "ရှာပုံတော် မင်းသားကြီး"၊ "ကလေးအတွေး"၊ "သင်္ကြန်မိုး" စသော တေးသီချင်းများဖြင့် သီဆိုကပြ ဖျော်ဖြေခဲ့ကြသည်။
အဆိုပါ သင်တန်းသို့ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနခရိုင် ဦးစီးမှူးနှင့် တာဝန်ရှိသူများ၊ ဖျာပုံမူလတန်းကြိုကျောင်း၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘ ဆရာအသင်းမှ အမှုဆောင်ကော်မတီဝင်များနှင့် ဖိတ်ကြားထားသော ဧည့်တော်များ တက်ရောက်ကြပြီး ဖျာပုံမူလတန်းကြိုကျောင်းတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ကျောင်းသား၊ ကျောင်းသူ (၇၀)ဦးခန့် တက်ရောက်ပညာသင်ယူကြကြောင်း၊ ဖျာပုံမူလတန်းကြိုကျောင်း တာဝန်ရှိသူထံမှ သိရသည်။
အောင်ဝင်းနိုင်
https://t.me/MyanmarNationalPost



No comments:
Post a Comment