မန်တုံမြို့ သမိုင်းဝင် မဟာမြတ်မုနိဂန္ဓကုဠိကျောင်းတော်သစ် တည်ဆောက်ရန် စုပေါင်းလုပ်အားပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

မန်တုံမြို့ သမိုင်းဝင် မဟာမြတ်မုနိဂန္ဓကုဠိကျောင်းတော်သစ် တည်ဆောက်ရန် စုပေါင်းလုပ်အားပေး



MNP ၊ မတ်  ၂၂

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ် အမှတ်(၂)ရပ်ကွက်(ဟိုခို)၌ တည်ထားကိုးကွယ်သော သမိုင်းဝင်မဟာမြတ်မုနိဂန္ဓကုဠိ ကျောင်းတော်သစ် တည်ဆောက်ရန် စုပေါင်းလုပ်အားပေးခြင်းကို ယနေ့နံနက်ပိုင်းမှ စ၍ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


အဆိုပါ သမိုင်းဝင်မဟာမြတ်မုနိဘုရားကြီးအား တည်ထားကိုးကွယ်ခဲ့သည်မှာ နှစ်ပေါင်း (၉၀) နီးပါးရှိပြီးဖြစ်၍ ဂန္ဓကုဠိကျောင်းတော်သစ် တည်ဆောက်ရန် ရပ်ကွက်၊ ကျေးရွာအတွင်းရှိ စေတနာရှင်များစုပေါင်း၍ ကျောင်းတော်တည်ဆောက်ရန်လိုအပ်သော သစ်များ၊ အုတ်၊ သဲ၊ ကျောက် စသဖြင့် အလှူဒါနပြုကြခြင်းနှင့် ကျောင်းဆောင်ဟောင်း ဖြိုချခြင်း၊ ဘုရားဝင်းအတွင်း သန့်ရှင်းခြင်းများကို လုပ်အားဒါနအဖြစ် လှူဒါန်းခြင်းကို အပတ်စဉ် စနေနှင့် တနင်္ဂနွေနေ့များတွင် ပုံမှန် ဆောင်ရွက်ကြကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)