ရခိုင်ပြည်နယ် မောင်တောမြို့ သန့်ရှင်းသာယာလှပစေရေးအတွက် ဌာနဆိုင်ရာများ နှင့် ပြည်သူများက စုပေါင်း သန့်ရှင်းရေးပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ် မောင်တောမြို့ သန့်ရှင်းသာယာလှပစေရေးအတွက် ဌာနဆိုင်ရာများ နှင့် ပြည်သူများက စုပေါင်း သန့်ရှင်းရေးပြုလုပ်






MNP   -   မတ် ၄

ရခိုင်ပြည်နယ် မောင်တောမြို့၌  မြို့အင်္ဂါရပ် နှင့် အညီ စိမ်းလန်းစိုပြေ သန့်ရှင်းသာယာလှပမှုရှိစေရေး အတွက်  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ကြီးကြပ်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ကံထွန်းအောင် ဦးဆောင်၍ ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာများ နှင့် ပြည်သူများက  မြို့မနာရီစင်မှ  ဆွမ်း အုပ်ခွဆုံ  ထိုမှတဆင့်  ဦးဉတ္တမလမ်း နှင့် မင်းရဲကျော်စွာ လမ်းတစ်လျှောက် ယနေ့ နံနက် ၇ နာရီ အချိန်က  စုပေါင်း သန့် ရှင်းရေးပြုလုပ်ခဲ့ကြသည်။ 


ထိုသို့ ဆောင်ရွက်ပေးရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌမှ ကြီးကြပ်ပြီး မြို့နယ် စီမံအုပ်ချုပ်ရေး ဥက္ကဋ္ဌ ဦးကံထွန်းအောင် ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် များ ၊ ခရိုင်/မြို့နယ် အဆင့် ဌာန ဆိုင်ရာများ ၊  ရပ်ကွက်အုပ်ချုပ်ရေး မှူး များ နှင့် ပြည်သူ များ  စုစုပေါင်း အင်အား  ၁၀၀ ခန့်က မြို့မနာရီစင်မှ  ဆွမ်း အုပ်ခွဆုံ  ထိုမှတဆင့်  ဦးဉတ္တမလမ်း နှင့် မင်းရဲကျော်စွာ လမ်းတစ်လျှောက် ပလက်စတစ် အမှိုက်များ၊ စွန့်ပစ်အမှိုက်များ ကို ကောက်ယူပြီး စည်ပင် သာယာရေး အဖွဲ့က အမှိုက်သိမ်း ကားဖြင့်  သိမ်းယူကာ သတ်မှတ်နေရာတွင် စနစ်တကျ စွန့်ပစ် ဆောင်ရွက်ခဲ့ ကြောင်း သိရ သည်။  


အောင်ကျော်စိန်၊ သက်လွင်စိုး

 https://t.me/MyanmarNationalPost




No comments:

Post a Comment