ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေအသိပညာပေး ဟောပြောပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေအသိပညာပေး ဟောပြောပွဲကျင်းပ


MNP   -   မတ် ၄

ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ရန်ကုန်တိုင်း‌ဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် ပိန္နဲကုန်းကျေးရွာအုပ်စု အောင်ဇမ္ဗူပရဟိတ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။


အခမ်းအနားတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်မြင့်မြင့်စန်းက ကလေးသူငယ်အခွင့်အရေးများနှင့် ပတ်သက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ရန်ကုန်တောင်ပိုင်းခရိုင် လူမှုဝန်ထမ်းရုံးမှ မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီ အတွင်းရေးမှူး ဒေါ်ဆွေဆွေဦးက ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ဥပဒေများနှင့် ပြစ်မှု၊ ပြစ်ဒဏ်များအကြောင်း ဟောပြောခဲ့သည်။


ဆက်လက်၍ ရန်ကုန်တောင်ပိုင်းခရိုင်၊ လူမှုဝန်ထမ်းရုံးမှ မြို့နယ်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီအတွင်းရေးမှူး ဒေါ်ဆွေဆွေဦးက တက်ရောက်လာသည့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှ ကျောင်းသား/ကျောင်းသူ၊ လူငယ်လူရွယ်များနှင့် ကလေး သူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအကြောင်း အရာများကို အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


အဆိုပါအသိပညာပေးဟောပြောပွဲသို့ ရန်ကုန်တောင်ပိုင်းခရိုင်၊ လူမှုဝန်ထမ်းရုံးမှမြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအတွင်းရေးမှူး ဒေါ်ဆွေဆွေဦးနှင့် ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်မြင့်မြင့်စန်းနှင့် ဝန်ထမ်းများ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှအဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ ဘုန်းတော်ကြီး ပညာသင်ကျောင်းမှ ကျောင်းသား/ကျောင်းသူ လူငယ်လူရွယ်များ စုစုပေါင်း (၁၃၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။ 


ကျော်သူရ 

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)